သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်သစ် ကားတိုက် အကြမ်းဖက်မှု IS လက်ချက်လို့ ဆို


Nice မြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့သူများ အတွက် အမှတ်တရ ဆုတောင်းနေသူများကို ဂျူလိုင်လ ၁၆ရက်က တွေ့ရစဉ်။ ဓါတ်ပုံ - (L. Ringe/VOA)
Nice မြို့တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် တိုက်ခိုက်မှု အတွင်း သေဆုံးခဲ့သူများ အတွက် အမှတ်တရ ဆုတောင်းနေသူများကို ဂျူလိုင်လ ၁၆ရက်က တွေ့ရစဉ်။ ဓါတ်ပုံ - (L. Ringe/VOA)

ပြင်သစ် အမျိုးသားနေ့ (Bastille Day) နေ့က Nice မြို့မှာ လူ ၈၄ ယောက် သေဆုံး ပြီး အများအပြား ဒဏ်ရာရသွားတဲ့ တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ IS အဖွဲ့က သူတို့ရဲ့ မီဒီယာတခုက နေပြောလိုက်ပြီး၊ ဒီတိုက်ခိုက်သူဟာ သူတို့ရဲ့ တပ်သားတဦး ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဒီ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး လူ ၃ ယောက်ကို စနေနေ့က ပြင်သစ်ရဲက ဖမ်းဆီးလိုက်တယ် လို့ ပြင်သစ် တရားရေးဌာနက ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ တရားလို ရှေ့နေတွေ ဘက်ကတော့ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး နောက်ထပ် သတင်း အချက်အလက်တွေကို ထုတ်ပြန်ခြင်းမရှိပါဘူး။

အဲဒီ တိုက်ခိုက်သူနဲ့ IS စစ်သွေးကြွအဖွဲ့ကြား တိုက်ရိုက်ချိတ်ဆက်မှု ရှိ မရှိဆိုတာကတော့ အခုချိန်ထိ ကွဲကွဲပြားပြားမသိရသေးပါဘူး။

ပြင်သစ် ပြည်ထဲရေး ဝန်ကြီးကတော့ - Mohamel L. Bouhlel ဟာ ခပ်မြန်မြန်ပဲ အစွန်းရောက် ဖြစ်သွားပုံရတယ်လို့ စနေနေ့က ပြောလိုက်ပါတယ်။ Bouhlel က သူဟာ အစွန်းရောက် အစ္စလာမ်မစ်ဝါဒီနဲ့ ဆက်နွယ်တယ် ဆိုတာ ပြီးခဲ့တဲ့ နှစ်တွေ အတွင်း ပြသခြင်း မရှိခဲ့ဘူးလို့ သူ့ကို သိတဲ့သူတွေရဲ့ ကနဦး ထွက်ဆိုချက်တွေ အပေါ်အခြေခံပြီး ပြင်သစ် ပြည်ထဲရေး ဝန်ကြီး Bernard Cazeneuve က ပြောပါတယ်။

Nice မြို့မှာ ပြင်သစ် အမျိုးသားနေ့ အခမ်းအနားကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး တဲ့နောက်၊ နိုင်ငံတော် ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်နေ့ အဖြစ်နဲ့ စနေနေ့က စတင်ပြီး ၃ ရက်ကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ကလေး ၁၀ ဦးအပါအဝင် ၈၄ ယောက်သေဆုံးပြီး၊ ၂၀၀ ကျော် ဒဏ်ရာရခဲ့ပြီး၊ အဲဒီထဲက ၅၂ ယောက်ကတော့ ဒဏ်ရာ ပြင်းထန်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG