သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boris Johnson ရဲ့ မြန်မာခရီးစဉ်ဒုတိယနေ့


ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုလေ့လာ။ ၂၁ ဇန်နဝါရီ။ ၂၀၁၇။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ရန်ကုန်ပြည်သူ့ဆေးရုံကြီးကိုလေ့လာ။ ၂၁ ဇန်နဝါရီ။ ၂၀၁၇။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဘောရစ်ဂျွန်ဆင်ဟာ ဒီကနေ့မှာတော့ ရခိုင်ပြည်နယ်အကြံပေးကော်မရှင် အဖွဲ့နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုအတွင်း ရခိုင်ပြည်နယ်မှာဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေအပေါ်မှာ စိုးရိမ်တဲ့အကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်က ပြောပါတယ်။ ဒ့ါအပြင် သူ့အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် NLD အစိုးရက ရခိုင်အရေး ကိုင်တွယ်ဆောင်ရွက်နေတဲ့အပေါ်မှာ သူ့အနေနဲ့ နားလည်မှုရှိကြောင်း ပြောကြားခဲ့တယ်လို့ ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအေးလွင်က ဗီအိုအေကို ပြောပါတယ်။

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်ဟာ မြန်မာနိုင်ငံကို မနေ့သောကြာနေ့က ရောက်ရှိလာခဲ့တာဖြစ်ပြီး နေပြည်တော်မှာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ နိုင်ငံတော်လုံခြုံရေးအကြံပေး ဦးသောင်းထွန်းတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုတွေအတွင်း ရခိုင်ပြည်နယ်ပဋိပက္ခတွေနဲ့ ပတ်သတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ အစီရင်ခံစာများအပေါ် စိုးရိမ်ပူပန်မိပြီး ဒီကိစ္စကို နိုင်ငံတကာ စံနှုန်းစံထားနဲ့အညီ ဖြေရှင်းဖို့ တိုက်တွန်းသွားပါတယ်။ ဒါ့အပြင်မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြသူအားလုံးရဲ့လုံခြုံရေးအတွက် ဗြိတိန်အစိုးရက ကူညီဖို့ဆန္ဒရှိကြောင်းလည်း ပြောဆိုသွားခဲ့ပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဆင်ဟာ ဒီကနေ့မှာတော့ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ရုံးကိုသွားရောက်ပြီး ဝန်ကြီးများရုံးကို သွားရောက်လေ့လာခဲ့သလို၊ ရန်ကုန်မြို့တွင်းမှာလည်း လှည့်လည်ကြည့်ရှုခဲ့ပါတယ်။

Boris Johnson ရဲ့ မြန်မာခရီးစဉ် ဒုတိယနေ့
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG