သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS လျှို့ဝှက် မှတ်တမ်းများ အကြမ်းဖက် တန်ပြန်ရေး အဖွဲ့တွေ ဆန်းစစ်


IS အစွန်းရောက် အကြမ်းဖက်သမားတွေဆီက ခိုးယူခဲ့တဲ့ မှတ်တမ်းတွေ။ ( မတ် ၁၀၊ ၂၀၁၆)
IS အစွန်းရောက် အကြမ်းဖက်သမားတွေဆီက ခိုးယူခဲ့တဲ့ မှတ်တမ်းတွေ။ ( မတ် ၁၀၊ ၂၀၁၆)

IS အစွန်းရောက် အကြမ်းဖက်သမားတွေဆီက ခိုးယူခဲ့တဲ့ မှတ်တမ်းတွေ ကနေ ပြည်ပ က အကြမ်းဖက် အုပ်စုတွေကို ဖော်ထုတ်နိုင်မယ့်အပြင် သူတို့ကိုယ် သူတို့ Caliphate တွေလို့ ကြေညာထားတဲ့ IS အကြမ်းဖက်သမားတွေကို အကြီးအကျယ်ချေမှုန်းနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

ထွက်ပြေးလာတဲ့ IS အဖွဲ့ဝင်ဟောင်း တယောက်ဆီကနေ ဗြိတိန် Sky Newsက ရထားတဲ့ ထောင်သောင်းချီတဲ့ IS တို့ရဲ့ လျှို့ဝှက် စာရွက်အထောက်အထားတွေကို အမေရိကန်၊ ဗြိတိန်၊ ဂျာမဏီ နဲ့အခြားနိုင်ငံတွင်းက အကြမ်းဖက်မှု တန်ပြန်ချေမှုန်းရေး ကျွမ်းကျင်သူတွေက လေ့လာ ဆန်းစစ်နေကြပါတယ်။

IS တို့ရဲ့လုံခြုံရေးဌာန အကြီးအကဲရဲ့ အချက်အလက်တွေသိမ်းထားပေးတဲ့ Memory Stick ကို သူ ခိုးယူခဲ့တာလို့ IS တို့ဆီက နေထွက်ပြေးလာတဲ့ တိုက်ခိုက်ရေး သမားဟောင်းကပြောပါတယ်။ အဲ့ဒီဖိုင်ထဲမှာ အကြမ်းဖက်သမားတွေရဲ့ အဖွဲ့ဝင်ပေါင်း ၂ သောင်း ၂ ထောင်ကျော်နဲ့ စုဆောင်းထားတဲ့လူသစ်စုတွေရဲ့ ကိုယ်ရေး အချက်အလက်တွေ ပါဝင်နေတယ်လို့ ပြောပါတယ်။ နိုင်ငံပေါင်း ၅၁ နိုင်ငံက ဂျီဟတ်တွေရဲ့အချက်အလက်တွေပါဝင်တဲ့အပြင် လူသစ်စုဆောင်းရာ မှာ မေးမြန်းတဲ့မေးခွန်း ၂၃ ခုလည်းပါဝင်တယ်လို့ ဗြိတိန်၊ ဂျာမဏီနဲ့ ဆီးရီးယားက အစီရင်ခံစာတွေက ဆိုပါတယ်။

ဒီဖိုင်ကိုဈေးကောင်းရအောင် အထောက်အထား အစစ်နဲ့ အတုတွေ ကို ရောနှော ထားနိုင်တာကိုလည်း အနောက်နိုင်ငံက စုံစမ်းထောက်လှမ်းရေး အရာရှိအချို့က စိုးရိမ်နေတယ်လို့ အနောက်နိုင်ငံက စုံစမ်းထောက်လှမ်းရေးအရာရှိအချို့နဲ့ ကျွမ်းကျင်သူတွေက VOA ကိုပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေကြသလို တိုက်ခိုက်ရေးသမား ၂သောင်း၂ ထောင်ရဲ့ ကိုယ်ရေးအချက်အလက် အပြည့်အစုံ မပါပဲ၊ ၁၇၃၆ ယောက်ရဲ့အချက်အလက်တွေသာပါတယ်လို့ ယူဆရကြောင်း စာရွက်အထောက်အထားတွေကို ကြည့်ရှုခဲ့တဲ့ ထောက်လှမ်းရေးအရာရှိက VOA ကိုပြောပါတယ်။

တိုက်ခိုက်ရေးသမား အများစုက နိုင်ငံပေါင်း ၄၀ ကဖြစ်ပြီး လေးပုံတပုံလောက် က ဆော်ဒီအာရေးဗျနဲ့ ကျန်တဲ့သူတွေကတော့ တူနီးရှား၊ မော်ရိုကိုနဲ့ အီဂျစ်နိုင်ငံသားတွေဖြစ်တယ်လို့ဆိုပါတယ်။ အနောက်နိုင်ငံက ရတဲ့ သတင်းရင်းမြစ် အရ အမေရိကန်လေးယောက်နဲ့ ဒါဇင်ဝက်လောက်ရှိတဲ့ ကနေဒါနိုင်ငံသားတွေ ပါဝင်တယ်လို့ိုဆိုပါတယ်။ ဥရောပကဘက်ကဆိုရင် ပြင်သစ်၊ ဂျာမဏီနဲ့ ဗြိတိန်နိုင်ငံသားတွေပါဝင်တာဖြစ်ပါတယ်။

XS
SM
MD
LG