သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလ်တိုက်ခိုက်မှုကိစ္စ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးခေါ်


ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ သွားပို့ခဲ့ကြတဲ့ ပါလက်စတိုင်းလိုလားသူ တက်ကြွလှုပ်ရှားသူတွေရဲ့သင်္ဘောတွေကို အစ္စရေးလ်က ကြားဖြတ် ဟန့်တား တိုက်ခိုက်မှု ကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီက အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူလိုက်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုူးချုပ် ဘန်ကီမွန်းကလဲ သွေးထွက်သံယိုဖြစ်မှုနဲ့ပတ်သက်လို့ တုန်လှုပ်မိတဲ့အကြောင်း ပြောဆိုလိုက်ပြီး အပြည့်အ၀ စုံစမ်းဖော်ထုတ်တာတွေလုပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဥရောပသမဂ္ဂ (EU) ကလည်း အဖြစ်အပျက်ကို အပြည့်အ၀ စုံစမ်းဖော်ထုတ်ဖို့ တောင်းဆိုလိုက်သလို လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ကစလို့ အစ္စရေးလ်က ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြောင်ဒေသကို ခြွင်းချက်မရှိ ချက်ခြင်းပြန်ဖွင့်ပေးဖို့ကိုလည်း EU နိုင်ငံခြားရေးဌာနအကြီးအကဲ Catherine Ashton ကတောင်းဆိုလိုက်ပါတယ်။

တခါ အမေရိကန်ကလည်း ဝမ်းနည်းကြောင်း ပြောဆိုလိုက်ပြီး အခုဖြစ်ပျက်ရတဲ့အကြောင်းရင်းနဲ့ ပတ်သက်တဲ့ အခြေအနေတွေပေါ်မှာလည်း နားလည်တဲ့အကြောင်း သမ္မတအိမ်ဖြူတော်က ဒီကနေ့ပဲ ကြေငြာချက်တစ်စောင် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

အစ္စရေးလ်က အခုလို စစ်ဆင်ရေးတွေ ဆင်နွှဲတာဟာ ရာဇဝတ်မှုဖြစ်တယ်ဆိုပြီး အာရပ်ဘ် အဖွဲ့ချုပ်အကြီးအကဲ အာမီယာ မူဆာက ပြစ်တင်ရှုတ်ချခဲ့သလို အဖွဲ့ဝင် ၂၂ နိုင်ငံပါဝင်တဲ့ အာရပ်ဘ်အဖွဲ့ချုပ်အနေနဲ့ အရေးပေါ်အစည်းအဝေးတရပ် ခေါ်ယူဖို့လည်း တောင်းဆို လိုက်တာပါ။ အစ္စရေးလ်အပေါ် အစဉ်တစိုက်ဝေဖန်နေတဲ့ အီရန်နိုင်ငံက သမ္မတ မာမွတ် အမာဒနီဂျက်ကလည်း အခု စီးနင်းတိုက်ခိုက်မှုဟာ လူမဆန်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG