သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီတလီငလျင် သေဆုံးသူ ၂၅၀ နီးပါးရှိပြီ


အီတလီငလျင်လှုပ်ပြီးနောက်ပိုင်းအခြေအနေ
အီတလီငလျင်လှုပ်ပြီးနောက်ပိုင်းအခြေအနေ

အီတလီနိုင်ငံအလယ်ပိုင်းမှာ ဗုဒ္ဓဟူးနေ့က လှုတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူ ၂၄၇ ယာက်ထက်မနည်း သေဆုံးပြီး ၃၆၀ ကျော် ထိခိုက် ဒဏ်ရာ ရခဲ့တဲ့အကြောင်း အီတလီ လူထုကာကွယ်ရေးဌာနက ဒီကနေ့ ပြောပါတယ်။

ပြင်းအား ၆.၂ ရှိတဲ့ ငလျင်ဟာ Norcia မြို့ အရှေ့တောင်ဘက် ၁၀ ကီလိုမီတာ လောက်မှာ ဗဟိုပြုပြီး ဒေသစံတော်ချိန် မနက် ၃ နာရီ ၃၀ ကျော်ကျော်လေးမှာ လှုတ်ခဲ့တာပါ။ Amatrice နဲ့ Accumoli မြို့တွေမှာ ငလျင်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး အဆောက်အဦးတွေ ဆိုးဆိုးရွားရွား ပြိုကျခဲ့တာပါ။

Amatrice မြို့တခုတည်း မှာတင် သေဆုံးသူ ၅၃ ယောက်ရှိပြီး နောက်ထပ် လူ ၁၅၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ လူထုကာကွယ်ရေးဌာနက အတည်ပြု ပြောဆိုပါတယ်။ ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးတွေကြား ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေးလုပ်သားတွေက ဒီကနေ့ မနက် အာရုံတက်ပြီးချိန်ကတည်းက ကြိုးစားနေကြတာပါ။ အီတလီဝန်ကြီးချုပ် Matteo Renzi ဟာလည်း ငလျင်ဒဏ်သင့် ဒေသတွေကို သွားရောက်ပြီး ကယ်ဆယ်ရေးလုပ်သားတွေကို လက်ဆွဲ နှုတ်ဆက်ခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်ကလည်း ငလျင်ဒဏ်သင့် မြို့နယ်တွေနဲ့ ပြည်သူတွေအတွက် အထူး စိတ်မကောင်းဖြစ်ရတဲ့အကြောင်း ပြောဆိုခဲ့သလို၊ ဗာတီကန်မှာ လူထုနဲ့ပုံမှန် တွေ့ဆုံမှုတွေကို ဖျက်ပြီး ငလျင် ဘေးဒဏ်သင့်ခဲ့သူတွေအတွက် ဆုတောင်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG