သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ငလျှင် ၃၇ ဦးသေဆုံး


ငလျှင်ဒဏ်ခံခဲ့ရသော ဂျပန် နိုင်ငံတောင်ပိုင်း Kumamoto ခရိုင်မှ Minamiaso မြို့ကို ဧပြီလ ၁၆ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ (REUTERS/Kyodo)
ငလျှင်ဒဏ်ခံခဲ့ရသော ဂျပန် နိုင်ငံတောင်ပိုင်း Kumamoto ခရိုင်မှ Minamiaso မြို့ကို ဧပြီလ ၁၆ရက်နေ့က တွေ့ရစဉ်။ ဓါတ်ပုံ (REUTERS/Kyodo)

ဂျပန်သတင်းဌာနနဲ့ တိုကျိုရောက် VOA သတင်းထောက်တို့ရဲ့အဆိုအရ ဂျပန်နိုင်ငံတောင်ပိုင်းမှာ အင်အားပြင်း ငလျှင် ၂ ခုလှုပ်ခတ်သွား တာကြောင့် လူ (၃၇) ဦးထက်မနည်းသေဆုံးသွားတယ်လို့ ဆိုပါတယ်။

ဒီကနေ့ စနေနေ့မှာပဲ မိုးသည်းထန်စွာရွားသွန်းပြီး လေပြင်းတွေတိုက်ခတ်မယ်လို့ ခန့်မှန်းထားတာကြောင့် အဆိုးဆုံးထိခိုက်ပျက်စီးခဲ့ရာ Kyu.shu ကျွန်းပေါ်ကကူညီကယ်ဆယ်ရေး ကျိုးပမ်းမှုတွေ အခက်တွေ့နိုင်တယ်လို့ ဂျပန်ဝန်ကြီးချုပ် မစ္စတာ Shinzo Abe ကပြောပါတယ်။

မပြိုမှုတွေဖြစ်ပွါးပြီး အိမ်တွေ ပြိုကျသွားတဲ့အပြင် အဝေးပြေးလမ်းလည်း ပျက်စီးသွားပါတယ်။ ဂျပန်မိုးလေဝသ ဌာနရဲ့အဆိုအရ ငလျှင် ကအဆင့် ၇ ရှိပြီး နောက်ဆက်တွဲငလျှင်က ပြင်းအားအဆင့် ၅.၄ ရှိတာပါ။ ကြာသပတေးနေ့ ငလျှင်လှုပ်ခတ်ပြီး နောက်ပိုင်း နောက်ဆက်တွဲ ငလျှင်ပေါင်း ၁၄၀ ကျော် ဖြစ်ပွါးခဲ့တယ် လို့ဆိုပါတယ်။ ငလျှင်ဒဏ်ကြောင့် အဆောက်အအုံ အတော်များများ ပြိုကျပျက်စီးရာမှာ တက္ကသိုလ်ကျောင်းဆောင် တခု ပါဝင်သွားတာကြောင့် ကျောင်းသား ၂ ယောက်လည်း သေဆုံးသွားတာပါ။ လူ၂၃ ဦးထက်မနည်း အဆောက်အအုံ အပျက်အစီးပုံတွေကြား ပိတ်မိနေပြီး လူ ၁၅၀၀ ကျော်ဒဏ်ရာရသွားတဲ့ထဲ့ ၈၀ ကျော်ဟာ အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ အတွင်းဝန်ချုပ် Yoshihide Suga က CNN သတင်းဌာနကို ပြောပါတယ်။

Kyushu ကျွန်းပေါ်မှာမြေပြိုမှုတွေဖြစ်ပွါးခဲ့တာကြောင့် အိမ်အတော်များများ ပျက်စီးသွားသလို အဝေးပြေးလမ်းမကြီးလည်း ပြတ်တောက်သွားပါတယ်။

Mi.na.ma.so ရွာကို ဆက်သွယ်ထားတဲ့အဓိက တံတားတစင်းလည်း ပျက်စီးသွားတာကြောင့် ပျက်စီးမှုအများဆုံးဖြစ်တဲ့ဒေသတွေထဲက တနေရာကို ကူညီကယ်ဆယ်ရေးပစ္စည်းတွေပေးပို့ဖို့ အခက်တွေ့သွားစေနိုင်ပါတယ်။

သက်တမ်း ၁၇၀၀ ကျော်ရှိတဲ့ သမိုင်းဝင် Aso ဗိမာန်လည်း အတော့်ကို ပျက်စီးသွားတာပါ။ ချယ်ရီပန်းမုဒ်ဦး လို့ လူသိများတဲ့ စုလစ်မွန်းချွန် အဆောက်အအုံ အတော်များများလည်း လုံး၀ ပြိုကျပျက်စီးသွားတာပါ။ ဒေသတွင်းက မီးတောင်ရှင်တခုလည်း ဒီလအတွင်း ပထမဆုံးအကြိမ်အဖြစ် ပေါက်ကွဲခဲ့ပါတယ်။ ငလျှင်လှုပ်တာနဲ့ မီးတောင်ပေါက်ကွဲတာ ဆက်စပ်မှုရှိနေသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်းမရှိပါဘူး။

ပထမအကြီမ် ငလျှင်လှုပ်သွားပြီးတဲ့နောက် အဆိုးဆုံး ထိခိုက်သွားတဲ့ဒေသကို ဝန်ကြီးချုပ် Shinzo Abe သွားကြည့်ဖို့ စီစဉ်ခဲ့ပေမယ့် ဒုတိယအကြိမ် ငလျှင်လှုပ်ခတ်သွားတာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ကယ်ဆယ်ရေး၊ ဘေးလွှတ်ရာရွှေ့ပြောင်းပေးရေး လုပ်ငန်းတွေကို စွမ်းအားအပြည့်နဲ့ လုပ်ကိုင်ပေးဖို့ ဝန်ကြီးချုပ်က ကယ်ဆယ်ရေး တပ်သားတွေကို အမိန့်ပေးထား ပါတယ်။

XS
SM
MD
LG