သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Wikileaks သတင်းသမား Julian Assange အီကွေဒေါသံရုံးမှ ထွက်ခွါမည်


အီကွေဒေါ နိုင်ငံခြားရေးဝန်ကြီး Ricardo Patino (ဝဲ) နဲ့ ဝီကီလိစ် တည်ထောင်သူ Julian Assange တို့ လန်ဒန်ရှိ အီကွေဒေါသံရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။ (၀၈၊ ၁၈၊ ၂၀၁၄)
အီကွေဒေါ နိုင်ငံခြားရေးဝန်ကြီး Ricardo Patino (ဝဲ) နဲ့ ဝီကီလိစ် တည်ထောင်သူ Julian Assange တို့ လန်ဒန်ရှိ အီကွေဒေါသံရုံးမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်။ (၀၈၊ ၁၈၊ ၂၀၁၄)

ဝီကီလိခ် ဝက်ဘ်ဆိုက်ကို ထူထောင်သူ Julian Assange က လွန်ခဲ့တဲ့နှစ်နှစ်တုန်းက သူနိုင်ငံရေးခိုလှုံခွင့်ရဖို့ ကြိုးစားရင်း ခိုလှုံခဲ့တဲ့ လန်ဒန်က အီကွေဒေါ သံရုံးကနေ ထွက်ခွါဖို့ ရှိတယ်လို့ ပြောကြားလိုက်ပါတယ်။

သံရုံးကနေ မကြာခင်မှာ ထွက်ခွါတော့မယ်လို့ ဝီကီလိခ် ပြောခွင့်ရရဲ့ ကြေညာချက်ကို Assange က အီကွေဒေါနိုင်ငံခြားရေးဝန်ကြီး Ricardo Patino နဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုခဲ့တာပါ။ ဒါပေမယ့် အသေးစိတ်ကိုတော့ သူက ထုတ်မပြောပါဘူး။

Assange ကို သူ့ရဲ့လိင်မှုဆိုင်ရာ မဖွယ်မရာလုပ်မှုနဲ့ ဆွီဒင်နိုင်ငံကို ပြန်ပို့ဖို့လုပ်နိုင်တယ်လို ၂၀၁၂ ခုနှစ်မှာ ဗြိတိသျှတရားရုံးကပြောကြားခဲ့တဲ့နောက် သူဟာ အီကွေဒေါသံရုံးမှာ ခိုလှုံခွင့်တောင်းခံခဲ့တာ ဖြစ်ပါတယ်။

Australian နိုင်ငံသား သတင်းသမား Assange က သူ့ကို ဆွီဒင်အစိုးရက အမေရိကန်ပြည်ထောင်စုကို လွှဲပြောင်းပေးမှာ စိုးရိမ်နေတာပါ။ အမေရိကန် သမိုင်းမှာ ထိပ်တန်းလျှို့ဝှက်ချက် အများဆုံးကို ဖွင့်ချခဲ့တဲ့ အမှုတခုအဖြစ် အမေရိကန်အစိုးရက တရားစွဲဆိုနိုင်ခြေ ရှိနေပါတယ်။

Assange နဲ့ သူ့ရဲ့ ဝီကီလိခ်အဖွဲ့ဟာ အီရတ်စစ်ပွဲဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ အမေရိကန်သံရုံးတွေရဲ့ ကမ္ဘာတလွှားဆက်သွယ်တဲ့ ကြေးနန်းတွေ အပါအဝင် သန်းနဲ့ချီတဲ့ အမေရိကန်လျှို့ဝှက် စာရွက်စာတမ်းတွေကို ထုတ်ဖေါ်ဖွင့်ချခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG