သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ ထွန်းကားရေး ထိုင်းဝန်ကြီးချုပ် ကတိပြု


 ဒေသတွင်း လုံခြုံရေးထိပ်သီးအစည်းဝေး မှာ မိန့်ခွန်းပြောနေတဲ့ Prayuth Chan-ocha။ (ဇွန် ၃၊ ၂၀၁၆)
ဒေသတွင်း လုံခြုံရေးထိပ်သီးအစည်းဝေး မှာ မိန့်ခွန်းပြောနေတဲ့ Prayuth Chan-ocha။ (ဇွန် ၃၊ ၂၀၁၆)

ထိုင်းနိုင်ငံမှာ နိုင်ငံတွင်း မတည်ငြိမ်မှုတွေ ဒါမှမဟုတ် ပြည်တွင်းစစ်ဖြစ် လာနိုင်တာမျိုးတွေ ကို ရှောင်ရှားနိုင်ဖို့ အာဏာကို ချုပ်ကိုင်ခဲ့ရတယ်လို့ လွန်ခဲ့တဲ့ ၂ နှစ် ကတည်းက အုပ်ချုပ်နေတဲ့ စစ်တပ်ကြီးစိုးတဲ့ အာဏာရှင်အ စိုးရအဖွဲ့ ခေါင်းဆောင် Prayuth Chan-ocha က ခုခံပြောဆိုခဲ့ပါတယ်။

သွေးထွက်သံယို မရှိတဲ့ အာဏာသိမ်းမှုကို ၂၀၁၄ မေလ တုန်းက ဗိုလ်ချုပ်ကြီး Prayuth ဦးဆောင်ခဲ့တာ ဖြစ်ပြီး သူဟာ အဲဒီအချိန်ကစလို့ ဝန်ကြီးချုပ်ရာထူးကို ရယူခဲ့တာပါ။ သောကြာနေ့တုန်းကတော့ ထိုင်းနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ပြန်ဖြစ်စေရ မယ်လို့ ကတိပေးကြောင်း ဒေသတွင်း လုံခြုံရေးထိပ်သီးအစည်းဝေး တက်ရောက်လာသူတွေကို ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ပြန်လည်ပြုပြင် ပြောင်းလဲရေးလမ်းကြောင်းပေါ် ရောက်စေဖို့နဲ့ ထိုင်းနိုင်ငံ စီးပွါးရေး မတည်မငြိမ်ဖြစ်လာမှာကို ကာကွယ်တဲ့အနေနဲ့ ပျော့ညံ့အားနည်းတဲ့ အရပ်သား အစိုးရကို ဖယ်ရှားဖို့ လိုအပ်ခဲ့တာကြောင့် စစ်တပ်က အာဏာသိမ်းခဲ့ရတယ်လို့ လည်း ပြောပါတယ်။

ကမ္ဘာပေါ်မှာ နန်းသက် အရှည်ဆုံး ဖြစ်တဲ့ သက်တော် ၈၈ နှစ် ရှိပြီဖြစ်တဲ့ နာမကျန်းတဲ့ ထိုင်းဘုရင် ဘူမိဘော ရဲ့ ကျန်းမာရေးကို စိုးရိမ်ရတဲ့ အချိန်ကာလမှာ အာဏာကို ဆက်ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။ ထိုင်းဘုရင်ဟာ မကြာခင်နှစ်တွေအတွင်း ဆေးရုံမှာပဲ နေရတာ များပါတယ်။

စစ်အာဏာရှင်တွေက အာဏာသိမ်းပြီး အရပ်ဖက် လွတ်လပ်ခွင့်တွေ ဖိနှိပ်ချိုးနှိမ်နေတယ်လို့ နိုင်ငံတကာက ဝေဖန်မှုတွေကို တုန့်ပြန်တဲ့ အနေနဲ့ သူတို့ဟာ လူ့အခွင့်ရေး ချိုးဖေါက်လိုစိတ် တစုံတရာ မရှိပဲ စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေ အားလုံးဟာ တရားဥပဒေနဲ့ အညီပဲ လုပ်ဆောင်ခဲ့တယ်လို့ လည်း ဗိုလ်ချုပ်ကြီး ပရာရွသ် ကပြောပါတယ်။

စစ်အစိုးရကဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်မူကြမ်းကို ရေးဆွဲခဲ့ပြီး ဒါကို သြဂုတ်လမှာ ပြည်လုံးကွှတ်ဆန္ဒ မဲပေးဖို့ ရှိပါတယ်။ ဒါပေမယ့် ဒီမူကြမ်းနဲ့ ပါတ်သက်ပြီး အခြေအတင် ဆွေးနွေးမှုတွေ အပြစ်တင် ဝေဖန်မှုတွေ ကတော့ ပြည်တွင်း နိုင်ငံရေး လောကမှာ ပိတ်ပင်ဟန့်တားခြင်း ခံနေရပါတယ်။

ဒီဖွဲ့စည်းပုံကို လက်မခံဘူးဆိုရင် အစိုးရသစ်ဖွဲ့ဖို့ ရွေးကောက်ပွဲ ကျင်းပရေး ဟာနှောင့်နှေးနိုင်တဲ့ အတွက်ေကြောင့် သူ့ကို ဘယ်လိုပဲ မုန်းသည်ဖြစ်စေ သူ့အနေနဲ့ လက်ရှိရာထူးမှာ သူဆက်လက် နေသွားရမယ့် အခြေနေကို ဆိုက်နိုင်တယ်လို့ လည်း သူက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG