သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကက်ထရီနား ၅ နှစ်ပြည့်အဖြစ် သမ္မတ အိုဘားမား မုန်တိုင်းသင့်ဒေသ သွားမည်


ပြင်းထန်တဲ့ လေမုန်တိုင်းကြောင့် ရေကြီးမှုနဲ့အတူ ပျက်စီးဆုံးရှုံးမှုတွေ အကြီးအကျယ် ကြုံခဲ့ရတာ ၅ နှစ်ပြည့်အဖြစ် နယူးအော်လင်းစ်နဲ့ လူဝီစီယားနား ပြည်နယ်တွေကို အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဒီကနေ့နှောင်းပိုင်း သွားရောက်ဖို့ ရှိပါတယ်။

၂၀၀၅ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တုန်းက ပြင်းထန်တဲ့ ကက်ထရီနား မုန်တိုင်းကြောင့် ရေကြီးမှုတွေနဲ့အတူ လူပေါင်း ၁,၈၀၀ ကျော် သေဆုံးခဲ့ရပြီး ဒေသခံ ၁,၀၀၀,၀၀၀ ကျော်ဟာလည်း အိုးအိမ်တွေကနေ စွန့်ခွာခဲ့ကြရတာပါ။ ပြင်းထန်တဲ့ ရေကြီးမှုဒဏ် ကြုံခဲ့ရတဲ့ ကက်သလစ် တက္ကသိုလ် တခုဖြစ်တဲ့ Xavier တက္ကသိုလ်မှာ သမ္မတ အိုဘားမား စကားပြောဆိုမှာ ဖြစ်ပါတယ်။

ပင်လယ်ကွေ့ဒေသမှာ ဖြစ်ခဲ့တဲ့ ဟာရီကိန်း မုန်တိုင်းနဲ့ ပတ်သက်လို့ ဆောင်ရွက်ထားပြီးဖြစ်တဲ့ အခြေအနေတွေနဲ့ ဆောင်ရွက်ဖို့ ကျန်နေသေးတဲ့ ကိစ္စတွေကို သမ္မတက ပြောဆိုဆွေးနွေးဖို့ ရှိတယ်လို့ အိမ်ဖြူတော် ပြောခွင့်ရသူတွေက ဆိုပါတယ်။

လူဝီစီယားနားနဲ့ မစ္စစ္စပီ ပြည်နယ်တွေဟာ ကက်ထရီနားမုန်တိုင်းနဲ့ ပတ်သက်တဲ့ အမျက်ဒေါသ ဖြစ်စရာတွေ ကြုံခဲ့ရတဲ့ ဒေသတွေ ဖြစ်ကြပါတယ်။

ရေတာတမံတွေ ကျိုးပေါက်ခဲ့တဲ့နောက် နယူးအော်လင်းစ်မြို့ရဲ့ ၈၀% ကို ရေလွှမ်းမိုးခဲ့တာပါ။ ရေဘေးဒဏ်သင့်သူတွေဟာ ဆိုရင်လည်း အိမ်ခေါင်မိုးတွေပေါ်မှာ ရက်အတော်ကြာကြာအထိ နေခဲ့ကြရတာ ဖြစ်ပါတယ်။ လူထောင်ပေါင်းများစွာလည်း အားကစားရုံတွေလို နေရာတွေမှာ ခိုလှုံကြရပြီး အစားအစာနဲ့ ရေလုံလုံလောက်လောက် မရဘဲ ရက်အတော်ကြာတဲ့အထိ နေထိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။

XS
SM
MD
LG