သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန် မောင်တောသွားမည်


ရခိုင်အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန် ရခိုင်ပြည်နယ် ကို စစ်တွေကို သွားရောက်ခဲ့စဉ်။ (စက်တင်ဘာ ၆၊ ၂၀၁၆)
ရခိုင်အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန် ရခိုင်ပြည်နယ် ကို စစ်တွေကို သွားရောက်ခဲ့စဉ်။ (စက်တင်ဘာ ၆၊ ၂၀၁၆)

ရခိုင်ပြည်နယ်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်ဟာ ဒီလကုန်ပိုင်း နိုဝင်ဘာ၂၉ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး၊ ရခိုင်ဒေသကို သွားရောက်မှာဖြစ်ပါတယ်။ မစ္စတာ ကိုဖီအာနန်ရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကို ကိုဉာဏ်ဝင်းအောင်က မေးမြန်းကြည့်ရာမှာ သူက ခုလိုစတင်ဖြေကြားပါတယ်။

ဦးအေးလွင်။ ။ မစ္စတာကိုဖီအာနန် လကုန်လာမယ်လို့ ကြားရပါတယ်။

ကိုဉာဏ်ဝင်းအောင်။ ။ ဒီတခေါက် မစ္စတာကိုဖီအာနန်ရဲ့ ခရီးစဉ်က ဘာအတွက် လာမှာပါလဲ။

ဦးအေးလွင်။ ။ ကျနော်တို့ လုပ်ငန်း ဆက်တိုက်လုပ်နေပါတယ်ခင်ဗျ။ အကြံဉာဏ်ပေးဖို့ အတွက် ဒီမှာရှိနေတဲ့ အခြေအနေတွေကို လူတွေ ပြောတာတွေကို နားထောင်ဖို့ပါပဲ။

အရင် ခရီးစဉ်တုန်းက ဒေသခံတွေနဲ့ ကိုဖီအာနန်တွေ့ဆုံခဲ့စဉ်။
အရင် ခရီးစဉ်တုန်းက ဒေသခံတွေနဲ့ ကိုဖီအာနန်တွေ့ဆုံခဲ့စဉ်။

ကိုဉာဏ်ဝင်းအောင်။ ။ အဲ့ဒီ့တော့ မစ္စတာကိုဖီအာနန်ရဲ့ခရီးစဉ်အတွင်းမှာ ဘယ်တွေကို သွားပြီးတော့ ဘယ်သူတွေနဲ့တွေ့ဖို့ အစီအစဉ်ရှိပါလဲခင်ဗျ။

ဦးအေးလွင်။ ။ မြန်မာပြည်ကိုလာမယ်။ ပြီးရင် ရခိုင်ဘက်ကို သွားပါမယ်။ ကျနော်တို့သွားတိုင်းပဲလေ ရခိုင်ပြည်က ရပ်မိရပ်ဖတို့၊ အစိုးရ အဖွဲ့အစည်းတွေ နဲ့ တွေ့တာပေါ့နော်။ NGO တို့ပေါ့နော်။ ကျေျနာ်တို့ကို တွေ့ချင်တဲ့ သူတွေကို ကျနော်တို့ကလည်း အမြဲလက်ကမ်း ကြိုဆိုနေပါတယ်။ ကျနော်တို့အလုပ်က သူတို့ပြောတာတွေကို နားထောင်ဖို့ပါ။ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို မှတ်သားဖို့ပါ။ အဲ့ဒီ့အချက်အလက်တွေကို ခံယူပြီးမှ ကျနော်တို့က အကောင်းဆုံးဖြစ်အောင် ရခိုင်ပြည်ကြီး တည်ငြိမ်အေးချမ်း သာယာပြီးတော့ နှစ်ဘက် လူ့အဖွဲ့အစည်းတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေး အတွက် ဘယ်လိုအကြံကောင်းဉာဏ်ကောင်းတွေ အစိုးရကို ပေးရမလဲဆိုတာ အချက်အလက်တွေကို ရှာဖွေစုဆောင်းဖို့ အတွက် ဒေသခံပြည်သူများ က ပြောတာတွေကို နားထောင်ဖို့ပါခင်ဗျ။

ကိုဉာဏ်ဝင်းအောင်။ ။မစ္စတာကိုဖီအာနန် အခုလာတဲ့ တခေါက်မှာ မောင်တောဒေသ ကို သွားဖို့ မသွားဖို့ ဘယ်လိုရှိပါလဲ။

ဦးအေးလွင်။ ။ အဲ့တာကတော့ ရခိုင်ပြည်နယ် တခုလုံးကို သွားဖို့ဆိုတာ ကျနော်တို့ တာဝန်မှာ ရှိပါတယ်။ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ရှိတဲ့ မြို့နယ်အားလုံးကို သွားဖို့ရှိတယ်။ ဟိုတခေါက်ကလည်း နယ်မြေအခြေအနေကြောင့် ကျနော်တို့ဘာတို့ ဆုံးဖြတ်ပြီး မသွားတာပါ။ ဒီတခေါက်လည်း နယ်မြေအခြေအနေကို လေ့လာသုံးသပ်ပြီးတဲ့အခါမှာ သွားသင့်သွားထိုက် တဲ့နေရာတွေကို အကုန်အနှံ့သွားဖို့ဆိုတာတော့ ယေဘူယျ ကျနော်တို့ မှတ်ထားတာတွေရှိပါတယ်။

မစ္စတာ ကိုဖီအာနန်ရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အကြံပေး ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်ကို ကိုဉာဏ်ဝင်းအောင်က မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG