သုံးရလွယ်ကူစေသည့် Link များ

ကိုဖီအာနန် မြန်မာနိုင်ငံရောက်ရှိ


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် မြန်မာနိုင်ငံကိုရောက်ရှိလာစဉ်။ (ဓာတ်ပုံ- MOI)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် မြန်မာနိုင်ငံကိုရောက်ရှိလာစဉ်။ (ဓာတ်ပုံ- MOI)

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကအဖြစ် တာဝန်ယူမယ့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဟာ ဒီကနေ့ စနေညနေ မွန်းလွဲ ၃ နာရီ ကျော်မှာ မြန်မာနိုင်ငံ ရန်ကုန်လေဆိပ်ကို ဆိုက်ရောက်ခဲ့ပါပြီ။

မစ္စတာ အာနန်ဟာ စက်တင်ဘာလ ၅ ရက်နေ့မှာ အမျိုးသားပြန်လည် သင့်မြတ်ရေး နဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်မှာ ပူးတွဲ သတင်းစာရှင်းလင်းပွဲ ပြုလုပ် မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာပဲ မစ္စတာအာနန်က ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကြေညာမှာလည်းဖြစ်ပါတယ်။

သူက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ သွားဖို့ ရှိပါတယ်။သူ့ရဲ့ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ရခိုင်ပြည်အတွင်းက သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံပြီး ကော်မရှင်ရဲ့ လုပ်ငန်းစဉ်တွေကိုရှင်းလင်းတင်ပြဖို့လည်း စီစဉ်ထားတာပါ။

ရခိုင်ပြည်နယ်တွင်းက လူမှု အသိုင်းအဝိုင်း ၂ ခုကြား နှစ်နဲ့ချီ တည်ရှိလာတဲ့ အကြပ်အတည်းကို ဖြေရှင်းဖို့ နည်းလမ်းရှာနေတဲ့ မြန်မာ အစိုးရက ရခိုင်အရေး အကြံပေးကော်မရှင်ကို ဖွဲ့စည်းဖို့ စီစဉ်တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်ပြီး နိုင်ငံခြားသား ၃ ဦး၊ ပြည်တွင်းက ပုဂ္ဂိုလ် ၆ ဦး စုစုပေါင်း အဖွဲ့ဝင် ၉ ဦးပါ ကော်မရှင်က ရခိုင်အရေးနဲ့ ပတ်သက်ပြီး တနှစ်အတွင်း အစီရင်ခံတင်ပြဖို့ ဖြစ်ပါတယ်။

Kofi Annan မြန်မာနိုင်ငံရောက်ရှိ
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG