သုံးရလွယ်ကူစေသည့် Link များ

တောင်ကိုရီးယား သဘောင်္နှစ်မြုပ်မှု ပြုံးယမ်းကို ဘန်ကီမွန်း ရှုတ်ချ

  • ဗွီအိုအေသတင်း

ပြီးခဲ့တဲ့ မတ်လက တောင်ကိုရီးယား စစ်သင်္ဘောနှစ်မြုပ်ခဲ့တာဟာ မြောက်ကိုရီးယားဘက်က ပစ်လွှတ်လိုက်တဲ့ တော်ပီဒိုကြောင့် ဖြစ်တယ်ဆိုတာ သက်သေအထောက်အထား အခိုင်အလုံရှိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောကြားလိုက်ပါတယ်။

ဒီ တိုက်ခိုက်မှုကြောင့် လူပေါင်း (၄၆) ယောက် သေဆုံးခဲ့ပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်နေတာတွေအပေါ်မှာ သူလည်း ပါဝင်ထောက်ခံတယ်လို့ တောင်ကိုရီးယားနိုင်ငံဖွား ကုလသမဂ္ဂ အတွင်ရေးမှုးချုပ်က သတင်းထောက်တွေကို နယူးယောက်မြို့မှာ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

ကိုရီးယား စစ်ပွဲတွေပြီးကတည်းက တောင်ကိုရီးယားနိုင်ငံရဲ့ အဆိုးရွားဆုံး စစ်ရေး ပြဿနာတွေထဲက တခုဖြစ်တဲ့ ဒီကိစ္စအပေါ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ သင့်တော်တဲ့ အရေးယူ ဆောင်ရွက်မှုတွေလုပ်ဖို့ သူက တောင်းဆိုလိုက်ပါတယ်။

တောင်ကိုရီးယားသမ္မတ လီမြောင်ဘက် (Lee Myung-bak) ကတော့ မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အသစ်တွေကို ချမှတ်ဖို့ လုံခြုံရေးကောင်စီကို တောင်းဆိုသွားမှာ ဖြစ်တယ်လို့ တနင်္လာနေ့ အစောပိုင်းက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ကိုရီးယား နှစ်နိုင်ငံကြား ကုန်သွယ်မှုတွေ အားလုံးကို ရပ်ဆိုင်းပစ်လိုက်ပြီး မြောက်ကိုရီးယား သင်္ဘောတွေ မလာနိုင်အောင် တောင်ကိုရီးယားနိုင်ငံရဲ့ ပင်လယ် ရေကြောင်းလမ်းတွေကို ပိတ်လိုက်ပြီးလို့လည်း သူက ကြေငြာပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမား (Barack Obama) ကလည်း တောင်ကိုရီးယားသမ္မတရဲ့ လုပ်ရပ်ကို အပြည့်အ၀ထောက်ခံတယ်လို့ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG