သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရီးယားကျွန်းဆွယ် တင်းမာမှု ရှောင်ရှားရေး တရုတ်ဝန်ကြီးချုပ် သတိပေး


တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်ဟာ သုံးရက်ကြာခရီးစဉ်အဖြစ် ဂျပန်နိုင်ငံမြို့တော်မှာ ရောက်သွားပြီဖြစ်ပြီး ဒီခရီးစဉ်အတွင်း တောင်ကိုရီးယား စစ်သင်္ဘောကို မြောက်ကိုရီးယားကနှစ်မြှုပ်ပစ်ခဲ့တယ်ဆိုတဲ့ ကိစ္စအတွက် မြောက်ကိုရီးယားကို အရေးယူရေး ဖိအားပိုပေးတာတွေနဲ့ ရင်ဆိုင်ရ ဖွယ်ရှိနေပါတယ်။

တောင်ကိုရီးယားနိုင်ငံ၊ Jeju အပန်းဖြေကျွန်းကနေ တိုကျိုမြို့တော်ကို ဒီကနေ့ တနင်္ဂနွေနေ့မှာ မစ္စတာဝမ်ရောက်သွားတာပါ။ Jeju ကျွန်းမှာ ဂျပန်ဝန်ကြီးချုပ် Yukio Hatoyama၊ တောင်ကိုရီးယားသမ္မတ အီလ် မြောင်ဘာ့က်တို့နဲ့ ထိပ်သီးအစည်းအဝေးတရပ် တက်ရောက်ခဲ့ပါတယ်။
တောင်ကိုရီးယား Cheonan စစ်သင်္ဘောကို မတ်လက တော်ပီဒိုနဲ့ ပစ်ခတ်နှစ်မြှုပ်ခံရတဲ့ဖြစ်ရပ်ဖြစ်ပြီးတဲ့နောက် ကိုရီးယားနှစ်နိုင်ငံကြား ပဋိပက္ခကိုရှောင်ရှားဖို့ အရေးပေါ်လိုအပ်နေတယ်လို့ ထိပ်သီးအစည်းအဝေးအဆုံးမှာ မစ္စတာဝမ်က ပြောခဲ့ပါတယ်။

ဒါပေမဲ့လဲ မစ္စတာဟာတိုယာမနဲ့ မစ္စတာအီလ်တို့က မြောက်ကိုရီးယားကို ပြစ်တင်ရှုတ်ချပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ အရေးယူဖို့ တောင်းဆိုခဲ့တဲ့ထဲမှာတော့ မစ္စတာဝမ် မပါဝင်ခဲ့ပါဘူး။

တရုတ်နိုင်ငံဟာ မြောက်ကိုရီးယားရဲ့ တခုတည်းသော အဓိကမဟာမိတ်နိုင်ငံကြီးဖြစ်ပြီး အိမ်နီးချင်း မြောက်ကိုရီးယားမှာ မတည်မငြိမ်ဖြစ်စေ မယ့် ဘယ်လိုလုပ်ရပ်မျိုးကိုမဆို လုပ်ဆောင်ဖို့ တွန့်ဆုတ်ပါတယ်။

XS
SM
MD
LG