သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်တင်နွယ်ဖွား အမေရိကန်တွေ မဲပေးမှု စံချိန်တင်


လက်တင်နွယ်ဖွား အမေရိကန်တွေ မဲပေးနေ။
လက်တင်နွယ်ဖွား အမေရိကန်တွေ မဲပေးနေ။

ရွေးကောက်ပွဲတွေမှာ မဲထည့်ဖို့ ဝန်လေးတတ်တဲ့ စပိန် စကားပြော လက်တင်နွယ်ဖွား အမေရိကန်တွေ အခု ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ကြိုတင်မဲထွက်ပေးသူ အရေအတွက် စံချိန်တင်မြင့်တက်ခဲ့ပါတယ်။ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အရေးပါတဲ့ တက္ကဆက် ပြည်နယ် အပါအဝင် အရေးပါတဲ့ ပြည်နယ်တွေက မဲရလဒ်တွေက သူတို့ အပေါ် သက်ရောက်မှု ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်နဲ့ အခုလို မဲထွက်ပေးသူ အရေအတွက် တိုးလာတာ ဖြစ်ပါတယ်။

အရင်တုန်းက ရီပတ်ပလီကန် အမာခံ ပြည်နယ် ဖြစ်တဲ့ Arizona ပြည်နယ်မှာတောင်မှ အခုဆိုရင် စပိန်စကားပြော လက်တင်နွယ်ဖွား မဲဆန္ဒရှင်တွေ တိုးများလာပြီး ရွေးကောက်ပွဲမှာ အတော်လေး နေရာယူလာတာကြောင့် ဒီမိုကရက်နဲ့ ရီပတ်ပလီကန်ကြား အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် ပြည်နယ် တခု အဖြစ် ရှုမြင်ခံထားရပါတယ်။

ရီပတ်ပလီကန် သမ္မတလောင်း Donald Trump ရဲ့ လူဝင်မှု ကြီးကြပ်ရေး နဲ့ ပတ်သက်ပြီး တင်းတင်းမာမာ ပြောဆိုထားတဲ့ အပေါ် စပိန်စကားပြော လက်တင် အမေရိကန်တွေ တုံ့ပြန်ကြလိမ့်မယ်လို့လည်း ယူဆထားကြပါတယ်။ မစ္စတာ ထရမ့်က မက္ကဆီကန် ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ မုဒိန်းကောင်တွေ လူသတ်သမားတွေလို့ ညွှွန်းဆိုသုံးနှုန်းခဲ့တာကြောင့် အိပ်ပျော်နေတဲ့ ဘီလူးကြီးလို့ တင်စားကြတဲ့ များပြားလှတဲ့ စပိန်စကားပြော လက်တင် အမေရိကန် နွယ်ဖွား အမေရိကန်တွေကို ဆွပေးလိုက်သလို ဖြစ်သွားစေပါတယ်။

ဒီကနေ့ အဆုံးအဖြတ်ပေးမယ့် ၂၀၁၆ အမေရိကန် သမ္မတ ရွေးကောက်ပွဲကို အဆုံးအဖြတ် ပေးရာမှာ အရေးပါတဲ့ ပြည်နယ်တွေမှာ အာရှနွယ်ဖွား အမေရိကန် ပြည်သူ အရေအတွက်လည်း တိုးလာတယ်လို့ မဲဆန္ဒရှင်တွေရဲ့ အချက်အလက်တွေကို ဆန်းစစ်လေ့လာတဲ့ Catalist ရဲ့ အစီရင်ခံစာတွေက ဖော်ပြနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG