သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တော နောက်ဆုံးအခြေအနေ


မောင်တောဈေးတနေရာ
မောင်တောဈေးတနေရာ

ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှု သတင်း ၂ ပတ်အတွင်း ရောက်ရှိလာပြီ ဖြစ်ပေမယ့် အကြမ်းဖက်တိုက်ခိုက်သူတွေ ရယူသွားခဲ့တဲ့ ရဲတပ်ဖွဲ့ပိုင် လက်နက်တွေတော့ ပြန်မရသေးပါဘူး။ ဒီကနေ့ ရခိုင်ပြည်နယ် မောင်တော ဒေသတလျှောက် တိုက်ခိုက်မှု သတင်းတွေ မရသေးပေမယ့် ဒေသခံတွေကြားမှာတော့ လုံခြုံရေး စိုးရိမ်စိတ် ရှိနေဆဲ ဖြစ်သလို မောင်တောမြို့ပေါ်မှာလည်း အခြေအနေ ပုံမှန် မဖြစ်သေးပါဘူး။ ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခိုက်မှု နောက်ဆုံး အခြေအနေကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း ၃ ခု တိုက်ခိုက်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းမှာတော့ ဒီကနေ့ အခြေအနေ တည်ငြိမ်မှု ရှိနေပေမယ့် ပုံမှန် ပြန်မဖြစ်သေးပါဘူး။ မောင်တောမြို့နယ် ရဲမှူး ဦးအောင်စောက မြို့ပေါ် အခြေအနေကို အခုလို ပြောပါတယ်။

“မောင်တောမြို့ပေါ်မှာတော့ ဘာမှမရှိဘူးခင်ဗျ။ အားလုံးတည်တည်ငြိမ်ငြိမ်ပါပဲ အေးအေးဆေးဆေး။ သူတို့ ဘင်္ဂါလီလူမျိုတွေလည်း မနက်ပိုင်း ဘာခေါ်မလဲဆိုတော့ ဈေးဆိုင်ဖွင့်တယ် ၊ သက်ဆိုင်ရာမြို့နယ်တွေကလည်း အာဏာပိုင်အဖွဲ့တွေကလည်း သူတို့ကိုဖွင့်လစ်ပြီး ရောင်းဖို့ပြောထားတယ်လေ။ အဲဒီအတွက် သူတို့ရောင်းတာပေါ့နော်။ မနက်ပိုင်းတော့ နည်းနည်း မြို့ပေါ်ရှိပြည်သူလူထုတွေအတွက်တော့ ရောင်းချမှုရှိတာပေါ့နော်။ ညနေပိုင်းကျတော့ ကျေးရွာတွေက ဘင်္ဂါလီကုလားတွေမလာတဲ့အခါကျတော့ အရောင်းအဝယ်မရှိတဲ့အခါကျတော့ နည်းနည်းဆိတ်နေတာပေါ့။”

မောင်တောမြို့နယ်တွင်း နယ်ခြားစောင့် ရဲတပ်စခန်း ၃ ခု တိုက်ခိုက်ခံရမှုမှာ ရဲတပ်ဖွဲ့ဝင် ၉ ဦးနဲ့ နောက်ပိုင်း နယ်မြေရှင်းလင်းရေးမှာ တပ်မတော်သားတချို့လည်း ကျဆုံးခဲ့ရပြီး လက်ရှိ အချိန်ထိ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၄ ဦး ကျဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်သူတွေ ဘက်ကတော့ စုစုပေါင်း ၃၀ သေဆုံးခဲ့တယ်လို့ အစိုးရက တရားဝင် သတင်းထုတ်ပါတယ်။ နယ်ခြားစောင့် ရဲတပ်စခန်းတွေ တိုက်ခိုက်ခံရမှု အတွင်း အကြမ်းဖက် သမားတွေ ရယူသွားတဲ့ လက်နက်တွေ ပြန်ရတဲ့ အထိ နယ်မြေရှင်းလင်းရေးကို တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ပြည်ထောင်စု ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက မနေ့ တနလာၤနေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

“လက်နက်ဆိုတာ သေနတ်ပဲ ပါသွားရင် တုတ်ပဲ။ သေနတ်တော့ပါတယ် ကျည်တွေမပါရင်လည်းတုတ်ပဲ။ ကျည်ဆံပဲပါတယ် သေနတ်မပါရင်လည်း ဒီကျည်က အလကားပဲ။ သူတို့ပါသွားတယ်ဆိုတာက တချို့ သေနတ်တော့ပါသွားတယ် မှန်တယ်၊ သို့သော်လည်း ကျည်တွေမပါသွားဘူး။ တချို့သေနတ်ပါသွားတယ်၊ ကျည်ဆံပါမသွားဘူး အဲဒီတော့ သူတို့မှာရသွားတာတွေက အကျိုးအမြတ်ဖြစ်စရာ တခုမှ မရှိဘူး။ သို့သော်လည်း ဒီလက်နက်တွေမလို့မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တို့လူမျိုးအတွက် ကာကွယ်ဖို့ တာဝန်ရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီလက်နက်တွေမရမခြင်းတော့ အလျော့ပေးမှာမဟုတ်ဘူး၊ ပြန်ပြီးတော့ ရှင်းရမယ်၊ ရှာရမယ်။”

ဒီကနေ့ အင်္ဂါနေ့မှာတော့ မောင်တောဒေသတွင်း လုံခြုံရေး တပ်ဖွဲ့တွေနဲ့ တိုက်ခိုက်သူတွေကြား ထိပ်တိုက်တွေ့တဲ့ သတင်းတွေ မရှိသေးပေမယ်လို့ ဒေသခံတွေကြားမှာတော့ လုံခြုံရေးကို စိုးရိမ်နေကြရဆဲ ဖြစ်တယ်လို့ မောင်တောမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးမောင်အုန်းက ပြောပါတယ်။

“လုံခြုံရေးအရကတော့ မြို့လယ်ခေါင်ဘက်နေရာတွေမှာတော့ စိုးရိမ်ကြတာပေါ့နော်။ စိုးရိမ်နေရတာကတော့ တမြို့နယ်လုံး၊ နောက်ကျေးရွာတွေကလည်း အကုန်လုံး စိုးရိမ်ထိန့်လန့်နေကြတာပါပဲ။”

အခုအချိန်ထိ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ဆက်နွယ်ပြီး ဖမ်းဆီးထားသူ ၃၀ နီးပါးရှိပြီး အများစုကို မောင်တောမှာ ထိန်းသိမ်းထားတာပါ။ ဖမ်းဆီးထားသူတွေကိုလည်း တရားဥပဒေနဲ့ အညီ စစ်ဆေးမေးမြန်းနေတယ်လို့လည်း ပြည်ထဲရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အကြမ်းဖက် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးချုပ် မောင်မောင်ခင် နေရာမှာ ရဲမှူးချုပ် သူရစန်းလွင်နဲ့ အစားထိုးခန့်အပ်လိုက်ပါတယ်။

မောင်တော နောက်ဆုံးအခြေအနေ
please wait

No media source currently available

0:00 0:03:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG