သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

US မှာ ဆေးဘက်ဆိုင်ရာ မှားယွင်းလို့ သေဆုံးသူ နှစ်စဉ် ၂ သိန်းခွဲကျော်


အမေရိကန်ပြည်ထောင်စုက လူသေဆုံးမှုတွေထဲမှာ ဆေးဘက်ဆိုင်ရာ အမှားအယွင်းကြောင့် ဖြစ်ရတာက တတိယအများဆုံး ဖြစ်တယ်လို့ လေ့လာချက်အသစ်တရပ်က ဆိုပါတယ်။

နှစ်စဉ် ဆေးဘက်ဆိုင်ရာ မှားယွင်းမှုတွေကြောင့် သေဆုံးရသူဦးရေဟာ ၂ သိန်းခွဲကျော်တယ်လို့ အမေရိကန်ပြည်ထောင်စုက နာမည်ကြီး Johns Hopkins တက္ကသိုလ်က သုတေသီတွေက ပြောဆိုလိုက်တာပါ။

အရင်က သေဆုံးမှု တတိယအများဆုံး ဖြစ်ခဲ့တဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါထက် အခုအခါ ဆေးဘက်ဆိုင်ရာ မှားယွင်းမှုကြောင့် သေဆုံးမှုနှုန်းက ပိုများလာတာ ဖြစ်ပါတယ်။

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနကတော့ - အမေရိကန်ပြည်ထောင်စုမှာ သေဆုံးရတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်တဲ့ တရားဝင် ကိန်းဂဏန်းအချက်အလက်တွေကို မှတ်တမ်းတင်တာရှိပေမဲ့ မှတ်တမ်းစုဆောင်းတဲ့စနစ်က - သေစာရင်းမှာ ဆေးဘက်ဆိုင်ရာ မှားယွင်းချက်တွေကို သီးခြားခွဲခြား သတ်မှတ်ဖို့ ပျက်ကွက်ခဲ့တယ်လို့လည်း Johns Hopkins တက္ကသိုလ် သုတေသီတွေက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG