သုံးရလွယ်ကူစေသည့် Link များ

မပြေလည်နိုင်သေးတဲ့ အနိမ့်ဆုံး လုပ်အားခ ပြဿ နာ


ရန်ကုန်မြို့ပြင်က အထည်ချုပ်စက်ရုံတခု မြင်ကွင်း။

မြန်မာနိုင်ငံမှာ အနိမ့်ဆုံး လုပ်အားခလစာကို တနေ့မှာ ၃ ထောင့် ၆ ရာအဖြစ် ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ သတ်မှတ်ပေးခဲ့ပေမယ့် ငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေးနှုန်း ကြီးမြင့်မှုတွေကြောင့် အနည်းဆုံး အခကြေးငွေ ဥပဒေမှာ ပြဌာန်း ထားတဲ့အတိုင်း လူမှုဘ၀ ဖူလုံရေးဆိုတဲ့ ရည်မှန်းချက်ဟာ ကနေ့အချိန်အထိ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးဘူးလို့ အလုပ်သမား အရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။ လက်ရှိ NLD အစိုးရလက်ထက်မှာ လုပ်အားခ ပြန်လည် ပြင်ဆင်သတ်မှတ်ရေး အမျိုးသားအဆင့် ကော်မီတီကို မကြာသေးခင်က ဖွဲ့စည်းလိုက်ပေမယ့် အလုပ်သမားရေးဆိုင်ရာ တိကျ ပြတ်သားတဲ့ မူဝါဒတွေ အစိုးသက်တမ်း တနှစ်အတွင်း ထွက်ပေါ်လာတာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ ဒီအကြောင်း - အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိ ကောင်စီဝင် ဦးရဲနိုင်ဝင်းကို ဆက်သွယ် မေးမြန်းပြီး အခုသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုဇော်ဝင်းလှိုင်က တင်ပြ ပေးထားပါတယ်။

XS
SM
MD
LG