သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်တိုက်ခိုက်မှုလူ ၆၀နီးပါးသေဆုံး


ပါကစ္စတန်ရဲသင်တန်းကျောင်းထံလုံခြုံရေးတပ်ဖြန့်၊ ၂၅ အောက်တိုဘာ၊ ၂၀၁၆။
ပါကစ္စတန်ရဲသင်တန်းကျောင်းထံလုံခြုံရေးတပ်ဖြန့်၊ ၂၅ အောက်တိုဘာ၊ ၂၀၁၆။

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Quetta မြို့က ရဲသင်တန်းကျောင်းတခုကို ဖောက်ခွဲလက်နက် အပြည့်စုံ ကိုင်ဆောင်လာတဲ့ အသေခံဗုံးခွဲသူတချို့ ဝင်ရောက် တိုက်ခိုက်တာကြောင့် လူ ၆၀ နီးပါး သေဆုံးပြီး ၁၂၀ ကျော် ထိခိုက် ဒဏ်ရာရတဲ့အကြောင်း ပါကစ္စတန် အစိုးရ အရာရှိတွေက ပြောပါတယ်။ တနင်္လာနေ့ည သန်းခေါင်မတိုင်ခင်မှာ ဒီတိုက်ခိုက်မှုဖြစ်တာပါ။ တိုက်ခိုက်သူတွေဟာ သင်တန်း ကျောင်းဝန်းအတွင်း လူသစ်စုဆောင်းဆောင် ထဲကို ဝင်ပြီး အဆောင်ထဲမှာရှိနေတဲ့ သူတွေကို ပစ်ခတ်ခဲ့တာပါ။ ရဲဝန်ထမ်းတချို့နဲ့ အဆောက်အဦးထဲက တချို့တလေ ပြတင်းပေါက်တွေကို ခုန်ကျော်ပြီး ထွက်ပြေးလွှတ်မြောက်သွားတာလည်း ရှိပါတယ်။ ပါကစ္စတန် စစ်တပ်နဲ့ ကွန်မန်ဒိုတပ်ဖွဲ့တွေ ရောက်လာပြီး အပြန်အလှန်ပစ်ခတ်တာတွေ မဖြစ်ခင် သေနတ်သမားတွေဟာ ဓါးစားခံတချို့ကို ခေါ်ပြီး အဆောက်အဦးကို ခဏ စီးနင်းခဲ့ကြပါသေးတယ်။ အပြန်အလှန် တိုက်ခိုက်မှုတွေကတော့ နာရီအတော်ကြာခဲ့တာပါ။ တိုက်ခိုက်သူတွေထဲက နှစ်ဦးက သူတို့ကိုယ်သူတို့ အသေခံ ဗုံးဖောက်ခွဲခဲ့ပြီး နောက်တယောက်ကတော့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ အပြန်အလှန် ပစ်ခတ်ချိန်မှာ သေဆုံး သွားတဲ့အကြောင်းနဲ့ အင်္ဂါနေ့မနက် အရုံမတက်ခင်မှာတော့ သင်တန်းကျောင်းဝင်းကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသဆိုင်ရာ အရာရှိတဦးက ပြောပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်လို့ ပါကစ္စတန်ဝန်ကြီးချုပ် Nawaz Sharif က သူရဲဘောကြောင်တဲ့ တိုက်ခိုက်မှုလို့ ဆိုပြီး ပြစ်တင်ရှုတ်ချပါတယ်။ Quetta မြို့ဟာ သိပ်မကြာခင်က အကြမ်းဖက်တိုက်ခိုက်မှုတွေ အများအပြား ကြုံခဲ့ရတဲ့နေရာပါ။ ပြီးခဲ့တဲ့ သြဂုတ်လ အစောပိုင်းကပဲ မြို့တွင်းက ဆေးရုံတခုရဲ့ အပြင်ဘက်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် လူပေါင်း ၇၀ ကျော် သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG