သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းအား ၆.၈ ငလျင် ကလေးမြို့အနီး ဗဟိုပြုလှုပ်ခတ်


USGS ငလျင်ပြ မြေပုံ
USGS ငလျင်ပြ မြေပုံ

ဒီကနေ့ည မြန်မာစံတော်ချိန် ၈ နာရီ ၂၅ မိနစ်ကျော်ကျော်လေးက မန္တလေး မြေငလျင်စခန်းရဲ့အနောက်မြောက်ဘက် ၁၂၂ မိုင်လောက်အကွာ မြန်မာနိုင်ငံအတွင်း ကလေးမြို့ရဲ့ အရှေ့-အရှေ့တောင်ဘက် ၄၂ မိုင်လောက်အကွာကို ဗဟိုပြုပြီး ပြင်းအား Richter scale ၆ ဒဿမ ၈ အဆင့်ရှိတဲ့ အင်အားပြင်းထန်တဲ့ မြေငလျင်တခုလှုပ်ခတ်သွားတယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွန်ကြားရေးဦးစီးဌာနက မကြာသေးခင်အချိန်ပိုင်းအတွင်းကပဲ သတင်းထုတ်ပြန်ထားပါတယ်။

အမေရိကန် ဘူမိဗေဒတိုင်းတာရေး ဌာနကတော့ ပြင်းအား ၆.၉ ရှိတဲ့ ငလျင်လှုပ်ခတ်သွားတယ်လို့ အစောပိုင်းတုန်းက ပြောထားပါတယ်။ လှုပ်ခတ်သွားတဲ့ ငလျင်ရဲ့အရှိန်ကို ရန်ကုန်မြို့ နေရာအများအပြားမှာလည်း မြို့ခံတွေ ခံစားသိမိလိုက်ကြပါတယ်။ လက်ရှိအချိန်အထိတော့ ထိခိုက်ပျက်စီးမှုရှိမရှိ ဆိုတဲ့ အသေးစိတ်အခြေအနေတွေကို မသိရသေးပါဘူး။

XS
SM
MD
LG