သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း မြန်မာနယ်စပ် မိုင်းနင်းမိတဲ့ ဆင်မကြီး ထိုင်းဆေးရုံမှာ ကုသမှုခံယူ


ထိုင်း၊ မြန်မာ နယ်စပ်မှာ မိုင်းနင်းမိလို့ ခြေထောက်ဒဏ်ရာ ရခဲ့တဲ့ ဆင်မကြီးတကောင်ကို ထိုင်းနိုင်ငံ မြောက်ပိုင်းရှိ တိရစ္ဆာန်ဆေးကု ဆရာဝန်တွေက ဆေးကုသ ပေးနေပါတယ်။

ဆေးရုံတက်နေရတဲ့ ဆင်မကြီးဟာ အသက် ၂၂ နှစ်ရှိပြီး မယ်ခပယ်လို့ အမည်ပေးထားပါတယ်။ ပြီးခဲ့တဲ့ အပတ်က မြန်မာပြည်ထဲက သစ်လုပ်ငန်းခွင်မှာ ရှိနေတုန်း ဆင်မကြီးရဲ့ ခြေထောက်ဟာ မိုင်းထိပြီး လွင့်စင် ထွက်သွားခဲ့တာပါ။

ခက်ခဲတဲ့ တောတွင်းခရီးကြမ်းကို ကျော်ဖြတ်ပြီး ဆင်မကြီးဟာ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံကို ပြန်ရောက်လာခဲ့တာလို့ ထိုင်းနိုင်ငံမြောက်ပိုင်းက အာရှဆင်များ မိတ်ဆွေလို့ ခေါ်တဲ့ ဆေးရုံက တိရစ္ဆာန်ဆေးကု ဆရာဝန်တွေက ပြောပါတယ်။

ဒေသခံ တိုင်းရင်းသား တပ်တွေကို တိုက်ခိုက်နေတဲ့ မြန်မာစစ်အစိုးရက ထောင်ထားတဲ့ မိုင်းတွေဟာ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အများအပြား ရှိနေပါတယ်။

မယ်ခပယ် ဆင်မကြီးဟာ ထိုင်းနိုင်ငံ၊ လမ်းပန်းခရိုင်က အာရှဆင်များ မိတ်ဆွေ ဆေးရုံမှာ ၁၃ ကောင်မြောက် ဆေးကုသခံနေရတဲ့ ဆင်ဖြစ်ပါတယ်။ တချို့ဆင်တွေကိုတော့ ခြေတု တပ်ပေးထားပါပြီ။

XS
SM
MD
LG