သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ထိရောက်အောင် မြန်မာ မဆောင်ရွက်


ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများအား နိုင်ငံတကာ မူးယစ်ဆေးဝါးနေ့ မတိုင်ခင် အခမ်းအနားနှင့် မဖျက်ဆီးခင် စစ်ဆေးနေသော မြန်မာ ရဲတပ်ဖွဲ့ဝင်များ။
ဖမ်းဆီးရမိထားသော မူးယစ်ဆေးဝါးများအား နိုင်ငံတကာ မူးယစ်ဆေးဝါးနေ့ မတိုင်ခင် အခမ်းအနားနှင့် မဖျက်ဆီးခင် စစ်ဆေးနေသော မြန်မာ ရဲတပ်ဖွဲ့ဝင်များ။
မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် နိုင်ငံတကာ သဘောတူထားချက်တွေနဲ့ ပြည့်မီအောင် လုံလောက်တဲ့ တိုက်ဖျက်မှုတွေမလုပ်တဲ့နိုင်ငံတွေထဲမှာ
မြန်မာနိုင်ငံပါဝင်တယ်လို့ အမေရိကန်သမ္မတ Barack Obama ကသတ်မှတ်လိုက်ပါတယ်။

မြန်မာ၊ ဘိုလီဘီးယား နဲ့ ဗင်နီဇွဲလားနိုင်ငံတွေဟာ ပြီးခဲ့တဲ့ ၁၂ လ အတွင်းမှာ လုံလောက်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်မှုတွေကို မလုပ်ဘူးလို့ အမေရိကန် သမ္မတက သတ်မှတ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားအတွက် မြန်မာနဲ့ Venezuela နိုင်ငံတွေကို အကူအညီပေးတဲ့ အစီအစဉ်လုပ်ဖို့ အရေးကြီးတယ်လို့ အမေရိကန်သမ္မတက ဆုံးဖြတ်ကြောင်း အိမ်ဖြူတော်က သောကြာနေ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

နိုင်ငံတကာလိုအပ်ချက်နဲ့ပြည့်မီအောင် မူးယစ်ဆေးဝါးတိုက်ဖျက်မှုမလုပ်ဘူးလို့ သမ္မတက သတ်မှတ်ရင် အဲဒီနိုင်ငံတွေအတွက် အမေရိကန်အစိုးရက သတ်မှတ်ထားတဲ့ ထောက်ပံ့ကူညီမှုတွေ ရနိုင်တာပါ။

အိမ်ဖြူတော်က ထုတ်ပြန်တဲ့ သမ္မရဲ့ကြေညာချက်က မူးယစ်ဆေးဝါးတွေကို အဓိက ကြားခံ ဖြတ်သန်းရောင်းချတဲ့ နိုင်ငံတွေ၊ ဒါမှမဟုတ် ထုတ်လုပ်တဲ့ နိုင်ငံတွေဟာ ဘယ်နိုင်ငံတွေဖြစ်တယ်ဆိုတာကို သမ္မတအိုဘားမားက သတ်မှတ် အသိပေးတဲ့ ကြေညာချက်ဖြစ်ပါတယ်။ အဲဒီလို သတ်မှတ်တဲ့ထဲမှာလည်း မြန်မာနိုင်ငံဟာ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်ရာမှာ တဆင့်ခံ ကြားနေ နိုင်ငံ၊ ဒါမှမဟုတ် မူးယစ်ဆေးဝါး အဓိက ထုတ်လုပ်တဲ့ နိုင်ငံစာရင်းထဲမှာ ပါဝင်ပါတယ်။

မူးယစ်ဆေးဝါးထိန်းချုပ်ဖို့အတွက် ဥပဒေစိုးမိုးရေးဆောင်ရွက်သူတွေက ကြိုးစားလုပ်ဆောင်ပေမဲ့ ပထဝီအနေအထားကြောင့်ရော စီးပွားရေး အခြေအနေကြောင့်ပါ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံဟာ မူးယစ်ဆေးဝါး ကူးသန်းရောင်းဝယ်တဲ့နေရာမှာ အဓိက တဆင့်ကြားခံနိုင်ငံ ဒါမှမဟုတ် အဓိက မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ နိုင်ငံတွေဖြစ်နေတယ်လို့ သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနဲ့ တရားဥပေဒေစိုးမိုးရေးရာ လက်ထောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး William Brownfield မြန်မာနိုင်ငံကို မကြာခင်ကပဲ သွားရောက်လေ့လာခဲ့ပြီးနောက်မှာ ခုလို သမ္မတအိုဘားမားရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ၊ မြန်မာနိုင်ငံက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်တဲ့နေရာမှာ အမေရိကန် ဘယ်လို အကူအညီ ပေးနိုင်မလဲ ဆိုတာကို Mr. Brownfield က မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်ရှင်။
XS
SM
MD
LG