သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကျန်းမာရေးကိုယ်စားလှယ်အဖွဲ့ ကမ္ဘာ့ဘဏ်လုပ်ငန်းလေ့လာ


ဝါရှင်တန်ဒီစီက ကမ္ဘာ့ဘဏ် ဌာနချုပ်ရောက် မြန်မာ ကျန်းမာရေး ကိုယ်စားလှယ်အဖွဲ့ (ဓါတ်ပုံ- ဒေါက်တာ သန်းဝင်း Facebook)
ဝါရှင်တန်ဒီစီက ကမ္ဘာ့ဘဏ် ဌာနချုပ်ရောက် မြန်မာ ကျန်းမာရေး ကိုယ်စားလှယ်အဖွဲ့ (ဓါတ်ပုံ- ဒေါက်တာ သန်းဝင်း Facebook)

NLD အစိုးရလက်ထက်မှာ အစိုးရ ဘတ်ဂျက်သုံးငွေထဲက ကျန်းမာရေးအသုံး စရိတ် အတွက် ၃%ကျော်အထိ တိုးမြှင့်သတ်မှတ်နိုင်ခဲ့ကြောင်း ဗွီအိုအေနဲ့ တွေ့ ဆုံ မေးမြန်းခန်းမှာ လွှတ်တော်တာဝန်ရှိသူ တဦးက ပြောကြား လိုက်ပါတယ်။

ဒါအပြင် ကျန်းမာရေးကဏ္ဍမှာ ပြုပြင်ပြောင်းလဲရေးတွေကို အရှိန်အဟုန် နဲ့ ဆောင်ရွက်နေရာမှာ အရည်အချင်းပြည့်ဝတဲ့ ဆေးပညာ ရှင်တွေ မွေး ထုတ်နိုင်ရေးကိုလည်း ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်ကြောင်း အမေရိ ကန်ပြည်ထောင်စုကို ခေတ္တခဏရောက်ရှိနေတဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာ ကျန်း မာရေးနဲ့ အားကစား ကော်မတီဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုခရီးစဉ်နဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က မေးမြန်းရာမှာ သူက အခုလိုစပြောပါတယ်။

ဖြေ။ ။ ကျနော်တို့ကို Global Flagship Course ဆိုပြီး World Bank ကမ္ဘာဘဏ်ကနေ ဖိတ်လာ တာရှိ ပါတယ်။ ဒီလိုဖိတ်တဲ့ အထဲမှာ လွှတ်တော်က နှစ်ဦးနဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက သုံးဦးဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်က ကျန်းမာရေး၊ အားကစားနဲ့ ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဒေါက်တာ သန်းဝင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဒေါက်တာစံရွှေဝင်း၊ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဒေါက်တာသာ ထွန်းကျော်၊ ဒေါက် တာကျော်ဇေယျနဲ့ ဒေါက်တာသောင်းလှိုင်တို့ သုံးဦးပါပါတယ်။

မေး။ ။ အစိုးရသစ်လက်ထက်မြန်မာနိုင်ငံက ကျန်းမာရေး စနစ် ပြုပြင်ပြောင်း လဲမှုတွေလုပ်နေတဲ့ အခြေအနေတွေကို ပြောပြပေးပါရှင့်။

ဖြေ။ ။ အစိုးရသစ် ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ အပြောင်းအလဲတွေ အတော်လေးလုပ်နေပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ အမျိုးသားကျန်းမာရေးစီမံကိန်း ဆိုပြီးလောလော ဆယ်ဆောင်ရွက်နေ တာရှိ ပါတယ်။ အရင်တုန်းကတော့ အမျိုး သားကျန်းမာရေးစီမံကိန်းကို နိုင်ငံတကာအဖွဲ့အစည်းများရဲ့ အထောက်အ ပံ့ကိုပဲအ ဓိကထားဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒီနှစ်တော့ ဧရိယာကြီးလေးခုကို အခြေခံပြီး စတင်ဆောင်ရွက်နေပါတယ်။ ဒါတွေကတော့ Health Financing (ကျန်းမာရေး အသုံးစရိတ် ထောက်ပံမှု)၊ Infrastructure (အခြေခံအဆောက်အဦး)၊ Organizational Setup (အဖွဲ့အစည်းဆိုင်ရာ တည်ဆောက်မှု)၊ Human Resource Development (လူသားအရင်းအမြစ် တိုးတက်မှု) တွေကို စတင်ဆောင်ရွက်နေပါတယ်။ အခုဒီမှာလာတက်နေတဲ့ Course တွေကနေ ကျနော်တို့ရဲ့ လုပ်ငန်းတွေတိုးတက်အောင် အကူအညီတွေ အများကြီးပေးပါတယ်။ ကျနော်တို့ရဲ့ ရည်မှန်းချက်ကလည်း Universal Health Coverage (လူတိုင်းအတွက် ကျန်းမာရေးစရိတ်ဖူလုံမှု) ကိုသွားမှာဖြစ်တဲ့အတွက် သွားနေဆဲလူတွေ တွေ့တဲ့အခက်အခဲတွေ၊ ပြဿနာတွေ၊ အကျဉ်းအကျပ်တွေကို ကျနော်တို့ ဒီမှာ လေ့လာခွင့်ရပါတယ်။ ကျနော်တို့က ခုမှစပြီး သွားဖို့ လုပ်နေရာဖြစ်တဲ့အတွက် သူတို့ရဲ့ အတွေ့အကြုံတွေက ကျနော်တို့အတွက် အများကြီးပဲ အကျိုးရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG