သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါတီများ ဖျက်သိမ်းမှု ဘန်ကီမွန်း စိုးရိမ်


ပါတီများ ဖျက်သိမ်းမှု ဘန်ကီမွန်း စိုးရိမ်
ပါတီများ ဖျက်သိမ်းမှု ဘန်ကီမွန်း စိုးရိမ်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၁၀ ခုကို ရွေးကောက်ပွဲ ကော်မရှင်က ဖျက်သိမ်းလိုက်တဲ့အတွက် စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောလိုက်ပါတယ်။

NLD အပါအဝင် တခြားနိုင်ငံရေးပါတီ ၄ ခုဟာ နိုင်ငံရေးပါတီအဖြစ် ဆက်ပြီး ရပ်တည်ဖို့ မှတ်ပုံမတင်တဲ့အတွက် ဖျက်သိမ်းလိုက်တဲ့ အကြောင်းနဲ့ ကျန်တဲ့ပါတီ ၅ ခုကတော့ အနည်းဆုံး သတ်မှတ်ထားတဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် ဝင်မပြိုင်နိုင်တဲ့အတွက် ဆိုပြီး ကော်မရှင်က စက်တင်ဘာလ ၁၄ ရက် အင်္ဂါနေ့မှာ ဖျက်သိမ်းကြောင်း ကြေညာခဲ့တာပါ။

အဲဒီလို ဖျက်သိမ်းလိုက်တဲ့အပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ သဘောထားကို ဗုဒ္ဓဟူးနေ့က လုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲ အတွင်း အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောသွားတာ ဖြစ်ပါတယ်။

NLD ဘက်ကတော့ ကော်မရှင်ကနေ အခုလို ပါတီကို ဖျက်သိမ်းတာဟာ တရားမဝင်ဘူးလို့ ပြောထားပါတယ်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေမှာ အားလုံး အပြည့်အ၀ ပါဝင်နိုင်ရေးအတွက် အခြေအနေတွေ ဖန်တည်းပေးဖို့ကိုလည်း အတွင်းရေးမှူးချုပ်က မြန်မာအာဏာပိုင်တွေကို ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့မိတ်ဆွေ နိုင်ငံများအဖွဲ့ ဝန်ကြီးအဆင့် အစည်းအဝေးတခုကို နယူးယောက်မြို့မှာ စက်တင်ဘာလ ၂၇ ရက်နေ့ကျရင် ကျင်းပဖို့ မျှော်လင့်ထားတဲ့ အကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင် နီဆားကီး (Martin Nesirky) က ပြောသွားပါတယ်။

မြန်မာ့အရေးကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ဆက်လက် ဆောင်ရွက်နေတုန်းပါပဲလို့ မစ္စတာ နီဆားကီးက ပြောခဲ့သလို မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ် လုပ်ဆောင်ရတာ ခက်ခဲတဲ့အပေါ် စိတ်ပျက်လက်ပျက် ဖြစ်ရတဲ့အကြောင်း အတွင်းရေးမှူးချုပ်က ပြောထားဖူးတာကိုလည်း ပြောရေးဆိုခွင့်ရှိသူက ပြန်ပြောသွားပါသေးတယ်။

XS
SM
MD
LG