သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲပစ်ခတ်မှုကြောင့် မြောက်ကာရိုလိုင်းနားမှာ ဆန္ဒပြတင်းမာ


ရဲပစ်ခတ်မှုကြောင့် မြောက်ကာရိုလိုင်းနားမှာ ဆန္ဒပြ တင်းမာ
ရဲပစ်ခတ်မှုကြောင့် မြောက်ကာရိုလိုင်းနားမှာ ဆန္ဒပြ တင်းမာ

အမေရိကန်ပြည်ထောင်စုအရှေ့ပိုင်း မြောက်ကာရိုလိုင်းနားပြည်နယ် Charlotte မြို့က လူနေတိုက်ခန်း ခြံဝန်းတခုမှာ လူမည်း အမျိုးသားတယောက်ကို လူမည်းရဲတပ်ဖွဲ့ဝင်က ပစ်သတ်ခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဒီအပေါ် မကျေနပ်ကြတဲ့ ဆန္ဒပြသူ တွေနဲ့ ရဲတပ်ဖွဲ့ကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ခဲ့ပြီး အဓိက အဝေးပြေးလမ်းမကြီးတခုကို ဆန္ဒပြသူတွေက ညဖက်မှာပိတ်ပစ် လိုက်ကြပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် ရဲတပ်ဖွဲ့ဝင် ၁၂ ဦးအပါအဝင် လူ ၂၄ ယောက်လောက် ဒဏ်ရာရသွားပါတယ်။

အင်္ဂါနေ့ နေ့လယ်က ရဲတပ်ဖွဲ့ဝင်တွေဟာ လူတယောက်ကို လိုက်ရှာနေတဲ့အချိန် အသက် ၄၃ နှစ်အရွယ် Keith Lamont Scott ကို ကားထဲကနေ သေနတ်ကိုင်ပြီး ထွက်လာတာ တွေ့ရတဲ့အတွက် ပစ်ခတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ Scott ကို ပစ်ခဲ့တဲ့ ရဲအရာရှိဟာ အသက်အန္တရာယ် ခြိမ်းခြောက်ခံရတဲ့အဆင့် လို့ ယူဆတဲ့အတွက် ပစ်ခတ်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားရာမှာ သေနတ် တလက်ကိုလည်း ရှာတွေ့ခဲ့တဲ့အကြောင်း Charlotte မြို့ ရဲတပ်ဖွဲ့ အကြီးအကဲ Kerr Putney က သတင်းထောက်တွေကို ပြောပါတယ်။

ဘယ်လို သေနတ်အမျိုးအစား ဖြစ်တယ်ဆိုတဲ့ အသေးစိတ်တွေကိုတော့ ရဲကမပြောပါဘူး။Scott ရဲ့မိသားစုတွေ ကတော့ Scott မှာ ဘာလက်နက်မှ မရှိခဲ့ဘူးလို့ ပြောပါတယ်။

Scott ရဲ့သမီးအဖြစ် သူ့ကိုယ်သူပြောတဲ့ အမျိုးသမီးတဦးက သူ့ဖခင်ကို ရဲကပစ်တဲ့အချိန်မှာ သူ့ဖခင်မှာ ကားထဲမှာ စာဖတ်နေခဲ့ တာလို့ပြောပါတယ်။

ဒီပစ်ခတ်မှုဖြစ်ပြီး မကြာခင်မှာပဲ ဆန္ဒပြပွဲတွေ စတင်ခဲ့ပြီး ဒီနေ့ ဗုဒ္ဓဟူးနေ့အထိလည်း ဆက်ပြီး ရှိနေပါတယ်။ ဆန္ဒပြလူအုပ်ကို ထိန်းချုပ်ဖို့ ရဲတပ်ဖွဲ့က ကြိုးစားခဲ့ပြီး တနေရာမှာတော့ မျက်ရည်ယိုဗုံး သုံးရတဲ့ အခြေအနေအထိ ဖြစ်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG