သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နီပေါဝန်ကြီးချုပ် ရာထူးက နုတ်ထွက်


နီပေါဝန်ကြီးချုပ် K.P. Oli
နီပေါဝန်ကြီးချုပ် K.P. Oli

နီပေါနိုင်ငံဟာ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာတွေမှာ မရေမရာဖြစ်နေတဲ့ နောက်ထပ် ကာလအပိုင်းအခြားတခုကို ကျရောက်နေတာကြောင့် ဝန်ကြီးချုပ် K.P. Oli ဟာ တနင်္ဂနွေနေ့မှာ ရာထူးက နုတ်ထွက်ခဲ့ပါတယ်။

ဝန်ကြီးချုပ် Oli က သူ အရှုံးနဲ့ရင်ဆိုင်ရနိုင်ခြေရှိနေတဲ့ အယုံအကြည်မရှိအဆိုကို လွှတ်တော်တွင်း မဲခွဲမဆုံးဖြတ်ခင် မိနစ်အနည်းငယ်မှာပဲ အခုလို နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

ဆိုရင် ၁၉၉၀ ပြည့်နှစ် နီပေါနိုင်ငံမှာ ပါတီစုံ ဒီမိုကရေစီစတင်ခဲ့တဲ့ အချိန်ကတည်းကဆိုရင် ဝန်ကြီးချုပ် Oli နုတ်ထွက်မှုဟာ ၂၃ ကြိမ်မြောက် ဖြစ်ပါတယ်။

အယုံအကြည်မရှိ လှုပ်ရှားမှုကိုတော့ ဝန်ကြီးချုပ် Oli ကို ထောက်ခံပေးနေတာတွေ ရပ်ဆိုင်းပစ်လိုက်တဲ့ မော်ဝါဒီ သူပုန်ဟောင်းတွေက စတင်ခဲ့တာဖြစ်ပြီး ဒီလှုပ်ရှားမှု မတိုင်ခင် အာဏာခွဲဝေသုံးစွဲရေး သဘောတူညီချက်ကို ဝန်ကြီးချုပ်ဘက်က ကတိပျက်ခဲ့တယ်လို့ သူတို့က စွပ်စွဲခဲ့တာဖြစ်ပါတယ်။

နီပေါဝန်ကြီးချုပ် ရာထူးက နှုတ်ထွက်
please wait

No media source currently available

0:00 0:00:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG