သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါသစိတ် ထိန်းချုပ်ခြင်း


ဒေါသစိတ် ထိန်းချုပ်ခြင်း
please wait

No media source currently available

0:00 0:07:00 0:00
တိုက်ရိုက် လင့်ခ်


မြန်မာနိုင်ငံမှာ စုံတွဲတွေနဲ့ မိသားစုတွေအကြား ပြဿနာဖြစ်ရာမှာ ဒေါသမထိန်းနိုင်ဘဲ သတ်ဖြတ်တဲ့အဆင့်ရောက်အောင် အကြမ်းပတမ်း ဖြစ်တာတွေရှိလာနေတယ်လို့ စိတ်ကျန်းမာရေး ပညာရှင်တွေက သတိပေးနေပါတယ်။

အခုလို ဒေါသပေါက်ကွဲပြီး အလွန်အကျွံဖြစ်ရတာကတော့ စိတ်ဖိစီးမှုများပြီး အချင်းချင်း ဆက်ဆံရေး ထိခိုက်လာတာနဲ့ တစ်ဦးချင်း စိတ်ပိုင်းဆိုင်ရာပြဿနာကို မကိုင်တွယ်တတ်တာနဲ့ ငယ်စဉ်ကြီးပြင်းချိန်မှာ အကြမ်းပတမ်းတွေ ကြုံခဲ့တာတွေကြောင့် ဖြစ်ပါတယ်။

စိတ်ဖိစီးမှုများရတာကလဲ စားရေးနေရေးကြပ်တည်းတာနဲ့ အလုပ်အဆင်မပြေတာတွေကြောင့်ဖြစ်ရပြီး၊ ဒါတွေကို လက်ခံနားလည်ထားပြီး မရှင်းထုတ်နိုင်ရင် တစ်ခြားသူတွေအပေါ် မတရား တုံ့ပြန်တာတွေ ဖြစ်လာတတ်ပါတယ်။

အခုလို စိတ်ဖိစီးမှုကြောင့် တစ်ပါးသူအပေါ် အလွန်အကျွံတုန့်ပြန်တာကနေ ကာကွယ်ဖို့ အခုလို စိတ်ဖိစီးမှုများရခြင်း အကြောင်းရင်းကို နားလည်နိုင်မယ့် နီးစပ်သူတွေ၊ စိတ်ကျန်းမာရေး ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင် ဖြေရှင်းဖို့ လိုပါတယ်။ ကြုံလာတဲ့ စားဝတ်နေရေး ပြဿနာတွေကို ဖြေရှင်းရာမှာ ပြဿနာ ဖြေရှင်းနည်းတွေကို တတ်ကျွမ်းထားဖို့ လိုပါတယ်။ ပြဿနာ အားလုံးကို တပြိုင်နက်ဖြေရှင်းဖို့ ကြိုးစားမိရင် ဟုန်သွားပြီး မဖြေရှင်းနိုင်တော့ဘဲ ပေါက်ကွဲထွက်တတ်တာမို့၊ ပြဿနာ တစ်ခုစီကို ဖြေရှင်းနိုင်တာကစပြီး တစ်ဆင့်ချင်း စနစ်တကျ ဖြေရှင်းသင့်ပါတယ်။

အခုလို ဖြေရှင်းနိုင်ဖို့ မိတ်ဆွေ သူငယ်ချင်းနဲ့ မိသားစုတွေအကြား နွေးနွေးထွေးထွေး တိုင်ပင်တာအပြင်၊ အရပ်ထဲမှာလဲ ကူညီတိုင်ပင်ပေးနိုင်တဲ့ စိတ်ကျန်းမာရေး လုပ်သားတွေ အသင့်ရှိနေဖို့၊ နောက် ကျောင်းတွေ၊ အလုပ်တွေမှာလဲ ခုလို စိတ်ကျန်းမာရေးတိုင်ပင်နိုင်သူတွေ ခန့်ထားဖို့ လိုပါတယ်။

ဒီအကြောင်း အသေးစိတ်သိရှိနားလည်နိုင်ဖို့ သြစတျေးလျနိုင်ငံအခြေစိုက် စိတ်ကျန်းမာရေး အထူးကု သမားတော်ကြီး Dr. Raymond တင့်ဝေ မြန်မာပြည်ရောက်ရှိနေတုန်း ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

XS
SM
MD
LG