သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲပေးပိုင်ခွင့် စာတမ်းဖြန့်မှုကြောင့် NLD မြို့နယ်အတွင်းရေးမှူး အဖမ်းခံရ


A child (L) watches a partial solar eclipse with a woman at the Sydney Observatory. Star-gazers were treated to an annular solar eclipse in remote areas of Australia with the moon crossing in front of the Sun and blotting out much of its light.
A child (L) watches a partial solar eclipse with a woman at the Sydney Observatory. Star-gazers were treated to an annular solar eclipse in remote areas of Australia with the moon crossing in front of the Sun and blotting out much of its light.

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်သူတွေ အနေနဲ့ မဲပေးပိုင်ခွင့် ရှိသလို မဲမပေးချင်လည်း မဲမပေးပိုင်ခွင့် ရှိတယ်ဆိုတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာသားတွေကို ဖြန့်ဝေမှုနဲ့ ရန်ကုန်တိုင်း ဒလမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးကို အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ နီးကပ်လာတဲ့ အချိန်မှာ မြန်မာနိုင်ငံသား ပြည်သူတွေ အနေနဲ့ လူထုဆန္ဒအရ မဲပေးပိုင်ခွင့် ရှိသလို မဲမပေးဘဲလည်း နေခွင့်ရှိကြောင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပြီးနောက် သူမရဲ့ ပါတီဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရုပ်ပုံများနဲ့ သူမရဲ့ အယူအဆကို ပြည်သူတွေကြားမှာ ဖြန့်ဝေခဲ့ပါတယ်။ ဒီအတွက် ဒလမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အတွင်းရေးမှူး ဦးထွန်းရင်ဟာ စက်တင်ဘာလ ၁ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရကြောင်း ဇနီးဖြစ်သူက အခုလို ပြောပြပါတယ်။

“မနေ့က ကျမတို့ ဈေးထိပ်မှာ စာဖြန့်တယ်ဆိုပြီးတော့ နယ်ထိန်းက ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။ အခုချိန်ထိတော့ ပြန်မရောက်သေးဘူး။ ဒလရဲစခန်းကို ခေါ်သွားတယ်။ စာရွက်က ဒေါ်စုပုံလေးနဲ့ ဒေါ်စု စာသားလေး၊ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် ရှိသလို မဲမပေးဘဲလည်း နေပိုင်ခွင့် ရှိတယ်ဆိုတဲ့အကြောင်း၊ အတင်းအဓမ္မ မဲပေးခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတမ်းလေး၊ အဲဒါလေးကို ဖြန့်လိုက်တယ်။ ဈေးရှေ့မှာ ဖြန့်တာ။”

ဒလမြို့မှာ ဈေးသွားဝယ်ရင်း ဈေးကအပြန်မှာ နယ်ထိန်းကနေ လာရောက် ဖမ်းဆီးတာ ခံရကြောင်း ဆက်ပြောပြပါတယ်။

“အခုချိန်ထိ ပြန်မရောက်သေးဘူး။ ညနေ ၄ နာရီလောက်။ ဆွဲတဲ့အချိန်မှာတော့ ဘာမှမပြောဘူး။ ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားတယ်။ ကျမတို့ ရဲစခန်းကို လိုက်သွားတော့လည်း သူတို့ စစ်ဆေးနေတုန်း၊ ဘာမှမဖြစ်ပါဘူး၊ အေးအေးဆေးဆေး ပြန်ပါဆိုပြီး ကျမတို့ကို ပြန်လွှတ်လိုက်တယ်။ အိမ်ထဲမှာတော့ ဘာမှမရှာဘူး။ ဈေးသွားဝယ်နေရင်းနဲ့ ဈေးကအပြန်မှာ ခေါ်သွားတာ။ အိမ်ကိုလည်း ဝင်သွားတယ်။ လမ်းပေါ်မှာ ခေါ်သွားပြီး ဟင်းချက်စရာတွေ အိမ်ကိုပြန်ပို့ပြီး ပြန်ခေါ်သွားတာပေါ့။ ဈေးကအပြန်မှာ အဲဒီနယ်ထိန်းက လိုက်လာပြီး အိမ်ကနေတဆင့် သွားကြတာပေါ့။”

အခုအခါမှာတော့ ဒလမြို့နယ် ရဲစခန်းကို ခေါ်သွားတယ်လို့ ပြောတာကြောင့် မိသားစုအနေနဲ့ စိုးရိမ်နေပြီး လိုက်သွားပေမဲ့ အစားအသောက် ပေးခွင့်လည်း မရဘူးလို့ ဆိုပါတယ်။

“ကျမတို့ မိသားစုတွေ အကုန်လုံးကတော့ စိတ်ပူနေကြတာပေါ့။ ကျမတို့မှာ အခုချိန်ထိလည်း အကုန်လုံးက ပြန်လာနိုး ပြန်လာနိုးနဲ့ ထိုင်စောင့်နေကြတာပေါ့။ အခုချိန်မှာတော့ အကုန်လုံးက စိတ်ညစ်ညစ်နဲ့ ထိုင်စောင့်နေကြတာပဲ။ အပေါ်ထပ်မှာ သူ့ကို စစ်ဆေးနေတုန်းမို့ တွေ့ခွင့် မရှိသေးဘူးတဲ့။ အစားအသောက်လည်း ဘာမှ ပေးခွင့်မရှိသေးဘူး။”

မြန်မာစစ်အစိုးရကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဆန့်ကျင်တာမျိုး၊ ကန့်ကွက်တာမျိုးတွေကို လိုက်လံဖမ်းဆီးပြီး ထောင်ချတာမျိုးတွေကို ဆက်တိုက် လုပ်လာနေသလို သူတို့ရဲ့ ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကိုလည်း အတင်းအကျပ် မဲဆွယ်စည်းရုံးမှုတွေကို လုပ်လာတာလည်း ဖြစ်ပါတယ်။ အခုလို ပြည်သူတွေက သူတို့ဆန္ဒရှိရာကို လုပ်နိုင်ကြောင်း ဥပဒေရှိတယ်လို့ ပြောဆိုချက်ကိုလည်း လက်မခံလိုဘဲ ဖမ်းဆီး အရေးယူဖို့ ကြိုးစားခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG