သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားရေကြီးမှု ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်


သြဂုတ်လ ၃၀ ရက်နေ့ကစပြီး ရေကြီးတဲ့ဒဏ်ကို ခံနေရတဲ့ မြောက်ကိုရီးယားနိုင်ငံအတွက် လူပေါင်း ၂ သိန်းလောက် ပါဝင်မယ့် ကြီးမားကျယ်ပြန့်တဲ့ ကယ်ဆယ်ကူညီရေးတွေ လုပ်ဆောင်နိုင်ဖို့ ကြိုးစားနေပါတယ်။

အဲဒီရေဘေးဒဏ်ကြောင့် လူပေါင်း ၁၄၀ လောက် သေဆုံးခဲ့ရသလို ပျောက်ဆုံးနေသူကလည်း ၄၀၀ လောက် ရှိတဲ့အပြင် အိုးအိမ်ရွှေ့ပြောင်းနေရသူက သိန်းနဲ့ သောင်းနဲ့ချီ ရှိနေတာပါ။

အိမ်တွေနဲ့ အိုးအိမ်ပစ္စည်းတွေ ရေထဲမျောပါကုန်ပြီး လူပေါင်း ၆ သိန်းလောက်ဟာ သောက်သုံးရေမရှိဘဲ နေနေကြရပါတယ်။ ဒါ့အပြင် စိုက်ပျိုးသီးနှံတွေလည်း ပျက်စီးကုန်ပြီး ကျန်းမာရေး စောင့်ရှောက် ကုသပေးသူလည်း မရှိကြဘဲ ဖြစ်နေတဲ့အတွက် အရေးပေါ် အကူအညီ လိုအပ်နေသူပေါင်းက တသိန်း လေးသောင်းလောက် ရှိနေပါတယ်။

အိမ်တွေနဲ့ ကျောင်းတွေ အပါအဝင် သိန်းနဲ့သောင်းနဲ့ ချီတဲ့ အဆောက်အဦးတွေဟာ တချို့တစိတ်တပိုင်း ပျက်စီးခဲ့ရပေမဲ့ တချိုကတော့ လုံးဝ ပျက်စီးသွားခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ အခြေခံ အဆောက်အအုံတွေက ညံ့သလို သစ်တော ပျက်သုန်းမှုလည်း ကြီးမားတဲ့အတွက် ရေကြီး ရေလျှံတဲ့ ဒဏ်ကို အတော်ခံစားနေရတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ရေဘေးဒဏ်သင့်သူတွေအတွက် နားခိုစရာနေရာရဖို့ အရင် ရှာပေးနေရပေမဲ့ တကယ်တမ်း အဓိက စိုးရိမ်စရာ ကောင်းလောက်အောင် လိုအပ်နေတာက သောက်သုံးရေသန့် ဖြစ်တယ်လို့ Pyongyang မှာ ရှိတဲ့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ အကြီးအကဲ Chris Staines က ပြောပါတယ်။

XS
SM
MD
LG