သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ယောက်ဖကို ရာထူးကြီးခန့်အပ်


မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ယောက်ဖဖြစ်သူကို အစိုးရ အကြီးတန်းရာထူးနေရာ တိုးမြှင့် ခန့်အပ်လိုက်တဲ့ လွှတ်တော် အထူးအစည်းအဝေးပွဲတခုကို ခေါင်းဆောင် ကင်မ်ဂျုံအီးလ်ကိုယ်တိုင် ဦးဆောင် တက်ရောက်ခဲ့ပါတယ်။

ကင်မ်ဂျုံအီးလ်ကိုယ်တိုင် ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး သြဇာကြီးမားလှတဲ့ အမျိုးသား ကာကွယ်ရေးကော်မရှင်ရဲ့ ဒုဥက္ကဋ္ဌအဖြစ် သူ့ရဲ့ယောက်ဖဖြစ်သူ Jang Song Thaek ကို ဒီကနေ့မှာပဲ ရာထူး တိုးပေးလိုက်တာပါ။ အခုရာထူးတိုးခန့်အပ်လိုက်တဲ့ သူဟာဆိုရင် ကင်ဂျုံအီးလ်က ယုံကြည်အားထားသူတဦးလည်းဖြစ်၊ အငယ်ဆုံးသားဖြစ်သူ Jong Un ကို စာသင်ပေးနေသူတဦးလည်းဖြစ်တယ်လို့ အကဲခတ်တွေကဆိုပါတယ်။

Jong Un ဟာဆိုရင်၂၀၁၂ ခုနှစ်လောက် အစောဆုံးထားပြီး တိုင်းပြည်ခေါင်းဆောင် ဖြစ်လာ နိုင်တယ်လို့လည်း မြောက်ကိုရီးယားအရေး လေ့လာသူတွေက ယုံကြည်နေကြတာပါ။ ယောက်ဖဖြစ်သူကို ရာထူးတိုးပေးလိုက်တာဟာလည်း အာဏာကို အဆင့်ဆင့်ချုပ်ကိုင်ဖို့ အစီအမံတခုအဖြစ်နဲ့လဲ မြင်ကြပါတယ်။

ဒီကနေ့ လွှတ်တော်အစည်းအဝေးအတွင်း ဝန်ကြီးချုပ် ကင်ယုံအီးလ်နေရာမှာ လွှတ်တော် အမတ်တဦးဖြစ်တဲ့ Choe Young Rim ကို အစားထိုး ခန့်အပ်လိုက်တာပါ။ ရာထူးက ပြုတ်သွားတဲ့ ဝန်ကြီးချုပ်ဟာ လူမှုရေးမတည်မငြိမ် ဖြစ်ခဲ့ရတာတွေနဲ့ ကြုံခဲ့ရတဲ့ ငွေကြေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ မအောင်မမြင်ဖြစ်ခဲ့ရတဲ့အပေါ် အပြစ်ဖို့ခံခဲ့ရတယ်လို့လည်း သုံးသပ်သူ တွေကဆိုပါတယ်။

ခေါင်းဆောင်ဖြစ်သူ ကင်မ်ဂျုံအီးလ်ရဲ့ လမ်းညွန်ချက်တွေအတိုင်း ဥပဒေတွေ၊ မူဝါဒတွေကို အတည်ပြုပေးဖို့ လွှတ်တော်ညီလာခံကို မြောက်ကိုရီးယားမှာ နှစ်စဉ်နှစ်တိုင်း တရက်တာ ကျင်းပလေ့ရှိပါတယ်။

XS
SM
MD
LG