သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ NCA မထိုးအဖွဲ့များ တက်ဖို့ခဲယဉ်း


NCA တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် ၁ နှစ်ပြည့် အခန်းအနား
NCA တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် ၁ နှစ်ပြည့် အခန်းအနား

မြန်မာအစိုးရနဲ့ NCA တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေကြား ဆွေးနွေးနေတာမှာ စိန်ခေါ်မှုတွေ ရှိလာနေပါတယ်။ ၃ ရက်ကြာ နိုင်ငံရေးမူဘောင် ပြန်သုံးသပ်တဲ့ အစည်းအဝေး လုပ်လာခဲ့ပေမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို အစောတလျင် လုပ်သွားမယ်ဆိုရင် NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားတပ်တွေ စစချင်း ပါနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ကိုဝင်းမင်းက ဒီလက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေရဲ့ ဆွေးနွေးရေးခေါင်းဆောင် ခူးဦးရယ်ကို ကိုဝင်းမင်းက မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ဟုတ်ကဲ့ ခူးဦးရယ်ခင်ဗျ ကျနော်တို့ နိုင်ငံရေးဆွေးနွေးပွဲမူဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးပေါ့နော် အခုဆိုရင်တော့ ၃ ရက်မြောက်ရှိသွားပါပြီ။ ဆိုတော့ အခုဆွေးနွေးပွဲအတွင်းမှာ ဖြစ်ပေါ်လာနေတဲ့ အခြေအနေလေးတွေကို နည်းနည်းလေးရှင်းပြပေးပါခင်ဗျ။

ခူးဦးရယ်။ ။ကျနော်တို့ မူလတုန်းကတော့ မူဘောင်တွေ ပြန်လည်သုံးသပ်မှုနဲ့ပတ်သက်ပြီးတော့ အကြမ်းဖျင်း ၂ ရက်တာ လုပ်မယ်ဆိုပြီးတော့ ရာထားတာပေါ့နော်။ ဒါပေမယ့် အခုက ၃ ရက်မြောက်သွားပြီ ဒါပေမယ့် ၃ ရက်မြောက်သော်လည်း ပြီးသလားဆိုတော့ ကျနော်တို့က မပြီးဘူး။ မပြီးတဲ့အခါကျတော့ မနက်ဖြန်နေ့တပိုင်းထပ်လုပ်မယ်ဆိုပြီး အစီအစဉ်ရှိပါတယ်။ ဒါပေမယ့်ကျနော်တို့ကတော့ မနက်ဖြန်နေ့တွေမှာဆက်ပြီးတော့ သွားနိုင်မယ့်အခြေအနေတော့မရှိဘူး။ ကျနော်တို့လုပ်ငန်းအစီအစဉ်ကြောင့် ဆက်မတက်နိုင်တော့ဘူးဆိုတဲ့သဘောပါ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ပထမနေ့မှာ ဆွေးနွေးတာလေးကို အကျဉ်းချုံးလေးရှင်းပြလို့ရမလား။

ခူးဦးရယ်။ ။မူဘောင်ပြန်လည်သုံးသပ်မှုနဲ့ ပတ်သက်လို့ အထူးသဖြင့် ကျနော်တို့ ဒီ တွေ့ဆုံဆွေးနွေးရေးအပိုင်းနဲ့ ပတ်သက်လို့ ၃ ပွင့်ဆိုင်ပုံစံနဲ့ သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ negotiation မှာ သုံးပွင့်ဆိုင်နဲ့ ကျနော်တို့သွားမှာလား၊ Decision making မှာ သုံးပွင့်ဆိုင်နဲ့ ကျနော်တို့သွားကြမှာလား ဆိုတဲ့ ကိစ္စကို ကျနော်တို့ ဆွေးနွေးဖြစ်ကြပါတယ်။

ကိုဝင်းမင်း။ ။ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေအတွက် အဟန့်အတားပေါ့နော် အခက်အခဲ ကြုံနေရတဲ့အနေအထားဆိုရင် ဘယ်အချက်ကို အဓိကထောက်ပြမလဲ။

ခူးဦးရယ်။ ။ သူတို့ အကြမ်းဖျင်းရည်ရွယ်ထားတဲ့ အနေအထားကတော့ ကျနော်တို့ဘက်ကနေပြီး တင်ပြထားတာနဲ့ ပတ်သက်ပြီး ရသလောက်နဲ့ သူတို့ သုံးသပ်ပါ့မယ်။ အဲဒီ သုံးသပ်ထားတာနဲ့ပဲ သူတို့ စတင်မယ်ဆိုတဲ့သဘောမျိုး ဆွေးနွေးကြပါတယ်။ ဆိုတော့ ဒီဟာနဲ့ ပတ်သက်ပြီး ဒီလမကုန်ခင် ၂၈ ရက် ၂၉ ရက် လောက်မှာ တင်ပြပြီးတော့ အစည်းအဝေးထိုင်မယ်လို့ပြောတယ်။ အဲဒီတော့မှUPDJC အဆုံးအဖြတ်ယူမယ်ပေါ့ဗျာ။ UPDJC အဆုံးအဖြတ်ယူပြီးရင်တော့ နိုဝင်ဘာ အကြမ်းဖျင်း ၁၅-၂၀ ရက် အဲဒီကြားမှာ သူတို့ဖြစ်အောင် တင်ဖို့တော့ ပြင်ဆင်တဲ့သဘောရှိတယ်။ ဒါပေမယ့် တကယ်တမ်းဖြစ်မယ် မဖြစ်ဘူးဆိုတာတော့ မသိဘူးပေါ့နော်။ ဒါပေမယ့် စတင်ရင်လည်း ကျနော်တို့ဘက်က NCA လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့က မပါနိုင်ဘူးပေါ့နော်။ မနက်ဖြန်လည်း ကျနော်တို့ ဆက်မပါနိုင်တဲ့အခါကျတော့ ဒီညနေကတည်းက ကျနော်တို့ သဘောထားကို ပေးလိုက်ရတာတွေရှိပါတယ်။

ကိုဝင်းမင်း။ ။ဆိုလိုတာကတော့ အစိုးရဘက်ကနေပြီးတော့ လမ်းပြမြေပုံအချိန်ဇယားတွေကိုပေါ့နော် အားလုံးပါဝင်မှုမရှိပဲနဲ့ အမြန် လုပ်သွားတယ်လို့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့တွေနဲ့ ခံစားရတယ်လို့ ဆိုလိုတာပေါ့နော်။

ခူးဦးရယ်။ ။ဒီလိုပဲ ကျနော်တို့ သုံးသပ်ရမှာဖြစ်တယ် ဒီနေရာမှာ ကျနော်တို့အဲဒီလိုပြောရင် အစိုးရဘက်ကတော့ ထောက်ပြမှာကတော့ သူတို့အချိန်နဲ့ ပတ်သက်ပြီး သူတို့ အချိန်မရှိဘူးဆိုတဲ့သဘော လည်းပြောနေမှာပဲ ဒါကကျနော်တို့ကြားမြဲပါပဲ။ တကယ်ပဲ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုရင် ကျနော်တို့ အချိန်ကတော့ သတ်မှတ်ရမယ်ဆိုတာကတော့ ကျနော်တို့ လက်ခံတယ် သို့သော် အချိန်နဲ့ တပြေးညီလုပ်တဲ့အချိန်မှာ အဆင်ပြေရင်ပြေသလို ကျနေ်ာတို့လုပ်သွားမှာရမယ်ဆိုတဲ့သဘောနဲ့တော့ သွားလို့တော့ မရဘူးလို့ ကျနော်တို့ထင်တယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ခူးဦးရယ် ကျေးဇူးတင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG