သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် စစ်ရေးလေ့ကျင့်မှု မြောက်ကိုရီးယား လက်တုံ့ပြန်မည်


အခုလာမယ့် တနင်္ဂနွေနေ့ ဂျပန်ပင်လယ်မှာ လုပ်မယ့် အမေရိကန်နဲ့ တောင်ကိုရီးယား တို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကိုရီးယား က ရုပ်ပိုင်းကျကျ တုံ့ပြန်ရပါလိမ့်မယ်လို့ ဒီကနေ့ ခြိမ်းခြောက်လိုက်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေဟာ မြောက်ကိုရီးယားရဲ့ အချုပ်အချာ အာဏာကို ခြိမ်းခြောက်နေပြီးတော့ ၁၉ ရာစုက ပစ်မှုခတ်မှုတွေနဲ့ သံခင်းတမန်ခင်း ဆင်နွှဲခဲ့တာတွေကို ပြန်လည် အမှတ်ရစေတယ်လို့ ဗီယက်နမ် နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံဒေသတွင်း စည်းဝေးပွဲကို တက်ရောက်နေတဲ့ မြောက်ကိုရီးယား ပြောခွင့်ရသူ ဝီထွန် အေးလ် က ပြောပါတယ်။

အမေရိကန်က စစ်ရေးအရ ခြိမ်းခြောက်လာမယ်ဆိုရင် သူတို့ဘက်ကလဲ စစ်ရေးအရ တုံ့ပြန်ရလိမ့်မယ်လို့ သူက ပြောသွားပါတယ်။ အခုလို မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်လိုက်တဲ့ကိစ္စဟာ အာဆီယံ ဒေသတွင်း စည်းဝေးပွဲမှာ ဆွေးနွေးနေတဲ့ တခြား ကိစ္စတွေကို ဖုံးလွှမ်းသွား စေခဲ့ပါတယ်။

ဒီကနေ့ပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟယ်လာရီ ကလင်တန်ကလဲ မြောက်ကိုရီးယားဟာ ရန်စတဲ့လုပ်ရပ်နဲ့ အန္တရာယ် မကင်းဖွယ် ပြုမူနေတဲ့ အထီးကျန် စစ်ရေးဝါဒီကို ကျင့်သုံးတဲ့ နိုင်ငံဖြစ်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ အခုအပတ် အစောပိုင်းတုန်းကလဲ အမေရိကန် အစိုးရက မြောက်ကိုရီးယား အစိုးရအပေါ်မှာ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG