သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလတ်ပစ်ဒုံးကျည် မြောက်ကိုရီယား စမ်းသပ်


 တာလတ်ပစ် ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်
တာလတ်ပစ် ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်

မြောက်ကိုရီးယား နိုင်ငံက မနေ့ စနေနေ့က တာလတ်ပစ် ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့မှု အပေါ် တောင်ကိုရီးယား နိုင်ငံက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

ဒီစမ်းသပ်မှုဟာ ကုလ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို ရှင်းရှင်းလင်းလင်း ချိုးဖောက်လိုက်တာဖြစ်သလို ရန်စတဲ့ တရားမဝင် လုပ်ရပ် တခုလည်း ဖြစ်တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များ အဖွဲ့ရဲ့ ဒီကနေ့ တနင်္ဂနွေနေ့မှာ ထုတ်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မနေ့ စနေနေ့က မြောက်ကိုရီးယားရဲ့ တာလတ်ပစ် ပဲ့ထိန်းတပ် ဒုံးကျည် စမ်းသပ်ပစ်လွှတ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မမြင် ဖြစ်ခဲ့တယ်လို့ အမေရိကန် စစ်တပ်က အစောပိုင်းမှာ ပြောဆိုထားတာပါ။ မြောက်ကိုရီးယား အနောက်မြောက်ပိုင်းဒေသမှာ မနေ့ စနေနေ့ နေ့လည်က ဒုံးကျည်ပစ်လွှတ်ဖို့ ကြိုးစားနေတာကို စောင့်ကြည့်စံနစ်တွေ ကနေ သိရှိရကြောင်း အမေရိကန် မဟာဗျူဟာဌာန ကပြောသလို၊ NORAD မြောက်အမေရိက လေကြောင်း ကာကွယ်ရေး ဌာနချုပ်ကလည်း ဒီဒုံးကျည်ဟာ မြောက်အမေရိကတိုက်အတွက် တစုံတရာ ခြိမ်းခြောက်နိုင်တဲ့ အနေထားမရှိကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ပြောပါတယ်။

ဒါပေမယ့်လည်း မြောက်ကိုရီးယားရဲ့ ရန်စမှုတွေနဲ့ ပတ်သက်ရင် အမေရိကန် ပြည်ထောင်စုက အမြဲ သတိနဲ့ စောင့်ကြည့်နေကြောင်း အမေရိကန် အစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါ့အပြင် အရှေ့မြောက် အာရှဒေသ လုံခြုံမှု ရှိစေဖို့အတွက် မဟာမိတ်တွေဖြစ်တဲ့ တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ အတူ အမေရိကန်က လက်တွဲဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။ အခု ပစ်လွှတ်ဖို့ ကြိုးစားတဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဟာ Musadan တာလတ်ပစ် ဒုံးကျည် ဖြစ်ပြီး Kusŏng မြို့နားကနေ ပစ်လွှတ်တာဖြစ်ကြောင်း အမေရိကန်စစ်ဘက် အရာရှိတွေက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ လက်ရှိနဲ့ လတ်တလော ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း အမေရိကန် စစ်ဌာနချုပ် ပန်တဂွန် ပြောခွင့်ရ အမေရိကန်ရေတပ် တပ်မှုးကြီး Gary Ross ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG