သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားမစ်ဇိုင်းနည်းပညာ ဂျပန်ထက် သာလွန်


မြောက်ကိုရီးယားမစ်ဇိုင်းဒုံးကျည် စမ်းသပ်စဉ်
မြောက်ကိုရီးယားမစ်ဇိုင်းဒုံးကျည် စမ်းသပ်စဉ်

မြောက်ကိုရီးယားအစိုးရက သိပ်မကြာခင်ကပဲ မစ်ဇိုင်းနည်းပညာ အဆင့်မြှင့် ဆောင်ရွက်နိုင်ခဲ့တာတွေဟာ ကွန်မြူနစ် မြောက်ကိုရီးယားကို ဂျပန်နိုင်ငံနဲ့ နှစ် ၂၀ ကြာ လက်နက် ပိုင်ဆိုင်မှု ယှဉ်ပြိုင်နေတာတွေမှာ ရှေ့ကို ရောက်သွားစေတယ်လို့ စစ်ဘက်ဆိုင်ရာ အရင်းအမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းက ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ အကူအညီမပါဘဲ မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံးကျည် တိုက်ခိုက်မှုတွေ ကို ကာကွယ်နိုင်ပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေ ဂျပန်အစိုးရ အရာရှိတွေအကြား ဖြစ်လာစေတယ်လို့လည်း ဆိုပါတယ်။

ဂျပန် ဒုံးခွင်းဒုံး စနစ် နဲ့ ခုခံ ကာကွယ်နိုင်တဲ့ အတိုင်းအတာကို ကျော်လွန်နိုင်တဲ့ အခြေအနေအထိ မြောက်ကိုရီးယားရဲ့ နျူကလီးယားနည်းပညာတွေ အလျင်အမြန် တိုးတက်လာနေတဲ့အကြောင်း ဂျပန်စစ်တပ် တပ်မှူးတဦးက ပြောပါတယ်။ ၁၉၉၈ ခုနှစ်က ဂျပန်ပိုင်နက်ထဲအထိ တစိတ်တပိုင်း ရောက်ခဲ့တဲ့ အဆင့်နှစ်ဆင့် ပစ်လွှတ်ရတဲ့ ရော့ကတ်ဒုံးကျည်ကို မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ နှစ်နိုင်ငံကြား လက်နက် ပိုင်ဆိုင်မှုတွေမှာ ယှဉ်ပြိုင်လာခဲ့ကြတာပါ။ ဒီနှစ် တနှစ်ထဲမှာကိုပဲ မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု အကြိမ် ၂၀ ကျော် လုပ်ခဲ့ပြီး ဒီအထဲမှာ ပြီးခဲ့တဲ့လက ဂျပန်ပင်လယ်ထဲကို တာလတ်ပစ် မစ်ဇိုင်းဒုံးကျည်သုံးစင်း ပစ်လွှတ်စမ်းသပ်ခဲ့တာလည်း အပါအဝင် ဖြစ်ပါတယ်။

ဂျပန်ဟာ သူ့ရဲ့စစ်သင်္ဘောတချို့မှာ ရေဒါစနစ်နဲ့ ထိန်းချုပ်တဲ့ မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ ကို တန်ပြန် ပစ်ချနိုင်တဲ့ စနစ် တပ်ဆင်ဖို့ ကြိုးစားနေပေမဲ့ အပြီးသတ်နိုင်ဖို့ကတော့ နှစ်အတော်ကြာနိုင်သေးတယ် လို့ Ritsumeiken အာရှ-ပစိဖိတ် တက္ကသိုလ်က လုံခြုံရေး ဆိုင်ရာ သုံးသပ်သူ Yoichiro Sato က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG