သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို အရေးယူဖို့ အမေရိကန် နည်းလမ်းသစ်ရှာ


အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်
အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်စ်

တောင်ကိုရီးယား စစ်သင်္ဘောတစင်းကို နှစ်မြှုပ်ပစ်လိုက်တာဟာ မြောက်ကိုရီးယားရဲ့ အဆင်အခြင်မဲ့ ရန်လိုတဲ့အပြုအမူပုံစံတခု ဖြစ်တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် ဂိတ်တ်စ် (Robert Gates) က ပြောလိုက်ပါတယ်။

အဲဒီလုပ်ရပ်အတွက် မြောက်ကိုရီးယားက တာဝန်ယူမှု ရှိလာအောင်လုပ်ဖို့ နောက်ထပ် နည်းလမ်းတွေကို အမေရိကန်က စူးစမ်း ရှာဖွေ နေတယ်လို့ စင်္ကာပူမှာ ညီလာခံတခု တက်ရောက်နေကြတဲ့ အာရှဒေသ ကာကွယ်ရေး ဝန်ကြီးတွေကို မစ္စတာဂိတ်တ်စ်က ပြောခဲ့တာပါ။ ဒါနဲ့ပတ်သက်ပြီး အသေးစိတ်ကိုတော့ သူက ပြောမသွားပါဘူး။

စစ်သင်္ဘော နစ်မြုပ်ခဲ့ရတဲ့ဖြစ်ရပ်အတွက် တောင်ကိုရီးယားက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သောကြာနေ့က တိုင်တန်းခဲ့ပါတယ်။ မြောက်ကိုရီးယား ရေငုပ်သင်္ဘောကနေ တော်ပီဒိုနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ တောင်ကိုရီးယားက ပြောဆိုပါတယ်။

နောက်ထပ် ရန်စ တိုက်ခိုက်မှုတွေလို့ ဆိုတာတွေကို မြောက်ကိုရီးယား လုပ်မလာနိုင်အောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နည်းလမ်းရှာ တားဆီးသင့်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တောင်ကိုရီးယား သံအမတ် Park In-kook က ပြောပါတယ်။

တောင်ကိုရီးယားက ဒီကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုင်တန်းခဲ့ရင် အပြင်းထန်ဆုံး လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းခြောက်ထားပါတယ်။

XS
SM
MD
LG