သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သင်္ဘော နှစ်မြုပ်မှု တောင်ကိုရီးယား သမ္မတ မိန့်ခွန်းပြောမည်


မြောက်ကိုရီးယား ရေငုပ်သင်္ဘောက တော်ပီဒိုနဲ့ပစ်ခတ်တယ်လို့ သတ်မှတ်ထားတဲ့ တောင်ကိုရီးယား စစ်သင်္ဘောနစ်မြုပ်မှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရရဲ့တုံ့ပြန်အရေးယူဆောင်ရွက်မယ့် အချက်တွေကို တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်က တနင်္လာနေ့မှာ နိုင်ငံတော်ကို မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားကို စီးပွားရေး ပြစ်ဒဏ်ခတ်မှုတွေ လုပ်ဖို့လျှောက်ထားမှုအပါအဝင် အရေးယူ ဆောင်ရွက်မယ့်အချက်တွေကို သမ္မတက ပြောကြားဖို့ရှိတယ်လို့ သမ္မတရဲ့ပြောခွင့်ရက သတင်းထောက်တွေကို ပြောပါတယ်။

တောင်ကိုရီးယားအစိုးရ ကိုယ်တိုင်ကလည်း မြောက်ကိုရီးယားနဲ့ စီးပွားရေးအလဲအလှယ် ဆောင်ရွက်နေမှုတွေကို ရပ်ဆိုင်းပစ်ဖို့၊ မြောက်ကိုရီးယား နိုင်ငံသားတွေအတွက် ရည်ရွယ်တဲ့ ဝါဒဖြန့်အသံလွှင့်မှုတွေနဲ့ စစ်သင်္ဘော နစ်မြုပ်သွားခဲ့တဲ့နေရာနားမှာ အမေရိကန်တပ်တွေနဲ့ပူးတွဲပြီး ရေငုပ်သင်္ဘောတိုက်ခိုက်ရေး လေ့ကျင့်မှုတွေ ဆောင်ရွက်သွားဖွယ်ရာရှိပါတယ်။

သင်္ဘောသား ၄၆ ဦးသေဆုံးခဲ့ရတဲ့ မတ်လထဲက ချိုနန် စစ်သင်္ဘောနစ်မြုပ်မှုဟာ မြောက်ကိုရီးယားဘက်က တော်ပီဒိုနဲ့ ပစ်ခတ်မှုကြောင့်လို့ တောင်ကိုရီးယားက စွပ်စွဲပါတယ်။ ဒီသင်္ဘောနစ်မြုပ်မှုအတွက် နိုင်ငံတကာက ရှုတ်ချ ပြစ်တင်ဝေဖန်ခံကြပေမဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်မှုတစုံတရာ လုပ်ဖို့ ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

XS
SM
MD
LG