သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်း ကန့်ကွက်ပေမဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်


မြောက်ပိုင်း ကန့်ကွက်ပေမဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်
မြောက်ပိုင်း ကန့်ကွက်ပေမဲ့ တောင်ကိုရီးယား စစ်ရေးလေ့ကျင့်

နယ်စပ်မှာ ချိုးဖောက်မှုတွေ ရှိခဲ့ရင် တုံ့ပြန်မှုတွေ လုပ်သွားမယ်လို့ မြောက်ကိုရီးယား ဘက်က ခြိမ်းခြောက်ထားပေမဲ့လည်း တောင်ကိုရီးယားရဲ့ ပုံမှန်စစ်ရေး လေ့ကျင့်မှုတစ်ခုကို အငြင်းပွားစရာ ဖြစ်နေတဲ့ မြောက်ကိုရီးယား နယ်စပ်နားမှာ ဒီကနေ့ လုပ်ခဲ့ပါတယ်။ အဲဒီ စစ်ရေး လေ့ကျင့်မှုမှာ အမြောက်တွေ၊ လက်နက်ကြီးတွေ၊ မော်တာတွေနဲ့ ရဟတ်ယာဉ်တွေလည်း ပါဝင်ပါတယ်။

တောင်ကိုရီးယားရဲ့ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားကလည်း သူ့ရဲ့ရေပိုင်နက်ထဲက စောင့်ကြည့်နေပြီး သူ့မြေကို တစ်စက်ထိတာနဲ့ တုံ့ပြန်မှုကို ချက်ချင်း လုပ်သွားမယ်လို့ ရေဒီယိုကနေ မြောက်ကိုရီးယားက သတိပေးထားတာပါ။

စစ်ရေးလေ့ကျင့်မှုနဲ့နီးတဲ့ မြောက်ကိုရီးယားဘက်က ကျွန်းတွေမှာရှိတဲ့ သူတွေကိုလည်း အပြန်အလှန် ပစ်ခတ်မှုတွေ ရှိလာနိုင်တယ် ဆိုပြီး ဘေးလွတ်ရာကို ရှောင်ခိုင်းထားပါတယ်။ အခုချိန်ထိတော့ မြောက်ကိုရီးယားဘက်က ဘာမှလှုပ်ရှားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့၂၀၁၀ခုနှစ်နိုဝင်ဘာလတုန်းကစစ်ရေးလေ့ကျင့်မှုတခုမှာ တောင်ကိုရီးယားပိုင် ယုံဖြွန်းကျွန်းကို မြောက်ကိုရီးယားဘက်က အမြောက်နဲ့ပစ်လို့ တောင်ကိုရီးယား လေးဦး သေဆုံးခဲ့ရပါတယ်။ အခုတစ်ပတ်ထဲမှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန် ပူးပေါင်းလှုပ်ရှားမယ့် ရေငုပ်သင်္ဘောစစ်ရေး လေ့ကျင့်မှုတစ်ခုကိုလည်း လုပ်ဖို့ရှိပါတယ်။

XS
SM
MD
LG