သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားလုံခြုံရေး ထိပ်သီးညီလာခံ ဝါရှင်တန်မှာကျင်းပ


၂၀၁၄ ခုနှစ်က ကျင်းပတဲ့ နျူကလီးယားလုံခြုံရေးထိပ်သီးညီလာခံ။
၂၀၁၄ ခုနှစ်က ကျင်းပတဲ့ နျူကလီးယားလုံခြုံရေးထိပ်သီးညီလာခံ။

အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားဟာ သူ့အတွက် စတုတ္ထအကြိမ်နဲ့ နောက်ဆုံးအကြိမ် နျူကလီးယား လုံခြုံရေး ထိပ်သီးအစည်းအဝေးပွဲကို ဝါရှင်တန်မြို့တော်မှာ ဒေသစံတော်ချိန် ကြာသပတေးနေ့မှာ စတင် ကျင်းပဖို့ရှိပါတယ်။ တန်ချိန်ပေါင်းများစွာသော နျူကလီးယားပစ္စည်းတွေကို လုံလုံခြုံခြုံ မထိန်းသိမ်းနိုင်သေးသလို အစွန်းရောက်ဝါဒီတွေ ဒါမှမဟုတ် အဖျက်အမှောင့်သမားတွေရဲ့ လက်ထဲ ရောက်သွားနိုင်တဲ့ အခြေအနေတွေ ရှိနေသေးတဲ့ အချိန်မှာပဲ - ထိပ်သီးအစည်းအဝေးကို ကျင်းပမှာ ဖြစ်ပါတယ်။

အစွန်းရောက်ဝါဒီတွေက နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်လာနိုင်ချေ ဘယ်လောက်အထိ ရှိနိုင်တယ်ဆိုတာကို ကိန်းဂဏန်းနဲ့ ဖော်ပြဖို့ မဖြစ်နိုင်သေးပေမဲ့ - ကမ္ဘာတဝှမ်းက စစ်ဘက်၊ အရပ်ဘက် နျူကလီးယားအစီအစဉ်တွေမှာ သန့်စင်ပြီးသား အဆင့်မြင့် ယူရေနီယံနဲ့ ပလူတိုနီယံ မက်ထရစ်တန်ချိန် ၂ ထောင်လောက် ရှိနေတဲ့အကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောဆိုခဲ့တာပါ။

နျူကလီးယားကုန်ကြမ်းပစ္စည်းတွေ၊ ကိရိယာတွေကို အကြမ်းဖက်အဖွဲ့အစည်းတွေက လိုချင်နေကြတယ်ဆိုတာကို သိရှိထားကြောင်းနဲ့ နိုင်ငံတကာ အတိုင်းအတာနဲ့ နျူကလီးယားလုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတဲ့အကြောင်းလည်း အမေရိကန် အမျိုးသားလုံခြုံရေး လက်ထောက် အကြံပေးပုဂ္ဂိုလ် Ben Rhodes က ပြောပါတယ်။

နျူကလီးယား လုံခြုံရေးထိပ်သီးညီလာခံမှာတော့ IS စစ်သွေးကြွအဖွဲ့လို အစွန်းရောက်အုပ်စုတွေအနေနဲ့ နျူကလီးယား ပစ္စည်းတွေကို လက်လှမ်း မမှီနိုင်အောင် - ဘယ်လို လုပ်ဆောင်နိုင်မလဲဆိုတာကို ဆွေးနွေးမယ့် အထူးအစီအစဉ်တရပ်ကိုလည်း ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်း ထားပါ တယ်။

၂ နှစ်တကြိမ် ကျင်းပတဲ့ ဒီညီလာခံကိုတော့ ဒီကနေ့ မတ်လ ၃၁ နဲ့ မနက်ဖြန် ဧပြီလ ၁ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပသွားမှာဖြစ်ပြီး၊ နိုင်ငံပေါင်း ၅၀ ကျော်က ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက်ပြီး နျူကလီးယားလုံခြုံရေး အစီအစဉ်တွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG