သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်တက္ကစီ မောင်းသမား အင်္ဂလိပ်စာ တတ်ဖို့မလို


နယူးယောက်မြို့က တက္ကစီ
နယူးယောက်မြို့က တက္ကစီ

အငှားယာဉ်မောင်းသူတွေ အင်္ဂလိပ်စာ တတ်ကျွမ်းရမယ် ဆိုတဲ့ လိုအပ်ချက် ကို၊ ရွှေ့ပြောင်းအခြေ ချ နေထိုင်သူအများအပြား ရှိတဲ့ နယူူးယောက်မြို့မှာ အခု ပယ်ဖျက်ပေး လိုက်ပါပြီ။

အငှားယာဉ်မောင်း လိုင်စင်အတွက် စာမေးပွဲဖြေတဲ့ အခါမှာ နိုင်ငံခြားဘာသာတွေ နဲ့ ဖြေခွင့်ပြုဖို့ နယူးယောက် မြို့တော် ကောင်စီက ဧပြီလတုန်းက အတည်ပြုခဲ့တဲ့ ဒီ ဥပဒေဟာ သောကြာနေ့မှာ စတင် အကျံးဝင်လာပြီဖြစ်ပါတယ်။

နယူးယောက်မြို့တော် အငှားကားလုပ်ငန်းမှာ ဆယ်စုနှစ်ပေါင်းများစွာ လုပ်ကိုင်နေ ကြတဲ့ ကားမောင်းသူ အများစုဟာ တခြားနိုင်ငံတွေမှာ မွေးဖွားကြသူတွေ ဖြစ် ပါတယ်။ လက်ရှိ နယူးယောက်က အငှားကားမောင်းသူတွေထဲက အမေရိကန် ပြည်ထောင်စုမှာ မွေးဖွားသူက ၄ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ (Taxi and Limousine Commission) အငှားကားဆိုင်ရာ ကော်မရှင် TLC ကပြောပါတယ်။

တချို့ နယူးယောက်မြို့ခံတွေကတော့ အခုထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်နဲ့ ပတ်သက် ပြီး စိုးရိမ်နေကြပါတယ်။ ခရီးသည်က ကားမောင်းသူကို ကိုယ်ဘယ်လမ်းကြောင်း အတိုင်း သွားချင်တယ်၊ ဘယ်ကိုပဲ သွားချင်တယ် ဆိုတာကို တိတိကျကျ ဘယ်လိုပြော ရမယ်ဆိုတာ မသိပဲ ဖြစ်သွားနိုင်တာမို့ ပိုခက်သွားစေနိုင်တယ် ဆိုပြီး စိုးရိမ်ကြတာပါ။ ဒါပေမယ့်လည်း GPS စံနစ်နဲ့ လမ်းညွှန် app တွေ သုံးစွဲမှု ပိုတိုး လာတာမို့ ကားမောင်းသူနဲ့ ခရီးသည်ကြား သိပ်ဆက်ဆံ စရာလည်း မလိုတော့ ပါဘူး။

မြို့တော်ကောင်စီက ဒီဥပဒေကို ပြဌာန်းနိုင်ရေး လုပ်ဆောင်နေသူတွေကတော့ ဒီဥပဒေကနေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ဖို့ လိုအပ်နေတဲ့ ရွှေ့ပြောင်း အခြေချသူတွေ အတွက် ပိုအဆင်ပြေစေမယ်လို့ ပြောကြသလို နယူးယောက် မြို့သား အများအပြားကလည်း သူတို့ သွားချင်တဲ့ နေရာရောက်အောင် အန္တရာယ် ကင်းကင်း နဲ့ ပို့ဆောင်ပေးဖို့ပဲ လိုပြီး စကား သိပ်ပြောစရာ မလိုဘူးလို့ပဲ ခံယူနေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG