သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်က အမေရိကန်တပ်တွေ သတ်မှတ်ရက်အတိုင်း ရုပ်သိမ်းမည်


အီရတ်နိုင်ငံမှာ တိုက်ခိုက်ရေးအတွက် တပ်ဖွဲ့တွေ စေလွှတ်ထားတာကို အစီအစဉ်အတိုင်း ရုပ်သိမ်းသွားမယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောဆိုလိုက်ပါတယ်။

တိုက်ခိုက်ရေးတပ်တွေ အီရတ်နိုင်ငံက ပြန်လည်ရုပ်သိမ်းဖို့ ဒီလ သြဂုတ်လ ၃၁ ရက်နေ့ကို သမ္မတက ရက်သတ်မှတ်ထားတာပါ။

သမ္မတတာဝန် စတင်ယူစဉ် အီရတ်နိုင်ငံမှာ အမေရိကန် တပ်ဖွဲ့ဝင် အင်အား ၁၄၀,၀၀၀ ရှိပါတယ်။ အစီအစဉ်အရ ဆိုရင်တော့ အီရတ်နိုင်ငံမှာ အသွင်ကူးပြောင်းရေး တပ်ဖွဲ့တွေအဖြစ် အမေရိကန် တပ်ဖွဲ့ ၅၀,၀၀၀ သာ ကျန်ရှိတော့မှာ ဖြစ်ပါတယ်။

သမ္မတဟောင်း ဂျော့ဂျ် ဒဗလျူ ဘုရှ် (George W.Bush) လက်ထက်က စတင်ခဲ့တဲ့ အီရတ်နိုင်ငံ လွတ်မြောက်ရေး စစ်ဆင်ရေးတွေ အဆုံးသတ်မယ့်နေ့ ဖြစ်လာလိမ့်မယ်လို့ သမ္မတ အိုဘားမား အစိုးရ တာဝန်ရှိသူတွေက ပြောဆိုခဲ့တာပါ။

အစီအစဉ်သစ်ကိုတော့ ‘အရုဏ်သစ် စစ်ဆင်ရေး’ လို့ အမည်ပေးထားပြီး အမေရိကန် တပ်ဖွဲ့တွေ အနေနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး လုပ်ငန်းတွေနဲ့ အီရတ်တပ်ဖွဲ့တွေကို လေ့ကျင့်ပေးမယ့် တာဝန်တွေကို အာရုံစိုက် ဆောင်ရွက်သွားကြမှာပါ။

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့မှာ မသန်မစွမ်း စစ်ပြန်တွေကို ပြောကြားမယ့် မိန့်ခွန်းရဲ့ တစိတ်တပိုင်းအဖြစ် သမ္မတ အိုဘားမားက ဒီအစီအစဉ်ကို ကြေညာဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး မိန့်ခွန်းကောက်နှုတ်ချက် တချို့ကို အရင်ထုတ်ပြန်ထားတာပါ။

အမေရိကန် တပ်ဖွဲ့တွေ အားလုံး အီရတ်နိုင်ငံက ပြန်လည်ရုပ်သိမ်းဖို့ အတွက်ကိုတော့ သမ္မတက ၂၀၁၁ ခုနှစ် နောက်ဆုံးထား သတ်မှတ်ထားပါတယ်။

XS
SM
MD
LG