သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့ အီးယူကြား လွတ်လပ်စွာကုန်သွယ်ရေး အိုဘားမား တိုက်တွန်း


 ဂျာမနီနိုင်ငံ၊ Hannover မြို့မှာသမ္မတ အိုဘားမားနဲ့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ
ဂျာမနီနိုင်ငံ၊ Hannover မြို့မှာသမ္မတ အိုဘားမားနဲ့ ဂျာမန်ဝန်ကြီးချုပ် Angela Merkel ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ

အမေရိကန်ပြည်ထောင်စုနဲ့ အီးယူ ဥရောပသမဂ္ဂအကြား သမိုင်းဝင် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက် ရရှိရေးအတွက် ရှေ့တိုး လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း သမ္မတ Barack Obama က ပြောကြားလိုက်ပါတယ်။ ဒီသဘောတူညီချက်အပေါ် ပြင်းထန်တဲ့ ကန့်ကန့်ကွက်မှုတွေ ရှိနေတဲ့ကြားကပဲ သမ္မတက ပြောကြားလိုက်တာပါ။

ဒီ လွတ်လပ်တဲ့ ကုန်သွယ်မှုကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ အကျိုးခံစားခွင့်တွေ ရှိခဲ့တယ်ဆိုတာ မေးခွန်းထုတ်စရာ မလိုကြောင်းနဲ့ ဒီသဘောတူညီချက်မှာ ပါဝင်တဲ့ တခြာနိုင်ငံတွေလည်း အလားတူ အကျိုးခံစားကြရကြောင်း ဂျာမနီနိုင်ငံ၊ Hannover မြို့မှာ ဂျာမန်ဝန်ကြီးချုပ် Angela Merkel နဲ့ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန်နဲ့ ဂျာမနီနိုင်ငံတို့ဟာ တနိုင်ငံချင်းစီရဲ့ အကြီးမားဆုံး ကုန်သွယ်ဖက် နိုင်ငံတွေဖြစ်တာနဲ့အညီ T-TIP လို့ခေါ်တဲ့ အတ္တလန်တိတ် ရပ်ဝန်းဒေသ နိုင်ငံများအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တည်ထောင်ရေးအတွက် ထောက်ခံမှု ရရှိဖို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

T-TIP သဘောတူညီချက် ရရှိရေးအတွက် ဂျာမနီနိုင်ငံက တွန်းအားပေးနေတာ ဖြစ်ပြီး အသေးစားနဲ့ အလယ်အလတ်စား ကုမ္ပဏီတွေ ကမ္ဘာ့ဈေးကွက်မှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်တဲ့အပြင် - ဗြူရိုကရေစီ စံနစ်ကို လျော့ချနိုင်မှာ ဖြစ်တဲ့အတွက် ကမ္ဘာ့စီးပွားရေးကို အထောက်အကူ ပြုစေမယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ အီးယူအကြား ဒီသဘောတူညီချက်သာ ရရှိလိုက်ရင် အတ္တလန်တိတ်သမုဒ္ဒယာ တဖက်တချက် နိုင်ငံတွေကြား ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ လောက် နှစ်စဉ် တိုးမြင့်လာမယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

XS
SM
MD
LG