သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေနံယိုဖိတ်ရာဒေသ သမ္မတ အိုဘားမား သွားရောက်ကြည့်ရှု


မက္ကဆီကို ပင်လယ်ကွေ့မှာ ရေနံယိုစိမ့်ထွက်တဲ့ ကိစ္စကို အစိုးရက ကိုင်တွယ်ဖြေရှင်းတဲ့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး တနိုင်ငံလုံးကို ရုပ်မြင်သံကြားကနေ ရှင်းလင်းပြောကြားတာ မလုပ်ခင်မှာ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ကမ်းရိုးတန်း ဒေသတလျှောက် ဒီကနေ့ လှည့်လည်ကြည့်ရှုနေပါတယ်။

သူ ဒီကနေ့ညပိုင်း ပြောကြားမယ့် မိန့်ခွန်းဟာ သမ္မတ အိမ်ဖြူတော်၊ သမ္မတ ရုံးခန်းကနေ ပထမဆုံး ပြောကြားမယ့် မိန့်ခွန်း ဖြစ်ပါတယ်။ ဖလော်ရီဒါပြည်နယ်ကနေ ဝါရှင်တန်ကို ပြန်ရောက်အပြီး နာရီပိုင်းအကြာမှာ သမ္မတက မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။

ပျက်စီးသွားတဲ့ ရေနံတွင်းကနေ ၅၇ ရက်မြောက် ဆက်ပြီး ယိုစိမ့်ထွက်နေသေးတဲ့ ရေနံတွေရဲ့ သက်ရောက်မှု လက္ခဏာတွေကို ဖလော်ရီဒါပြည်နယ်က ကမ်းခြေတွေမှာ တွေ့နေရပြီ ဖြစ်ပါတယ်။

ရေနံယိုစိမ့်ထွက်တာကြောင့် သက်ရောက်မှုဒဏ် ခံရသူတွေရဲ့ အပျက်အစီးတွေအတွက် လျော်ကြေးပေးဖို့ကိစ္စ မြန်မြန်လုပ်နိုင်ဖို့ အစိုးရရဲ့ အစီအစဉ်ကိုလည်း မစ္စတာအိုဘားမား ဆွေးနွေးလိမ့်မယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ရေနံတွင်းပေါက်ကွဲမှုမှာ အဓိက တာဝန်ရှိတဲ့ ဗြိတိန် BP ရေနံကုမ္ပဏီက အမှုဆောင် အရာရှိတွေဟာ ဒီကနေ့ ကွန်ဂရက်လွှတ်တော် ကော်မတီတခု ရှေ့မှောက်မှာ အစစ်ခံ ထွက်ဆိုကြဖို့ ရှိပါတယ်။ ပျက်စီးသွားတဲ့ ရေနံတွင်းနဲ့ ပတ်သက်ပြီး သူတို့လုပ်ဆောင်နေတဲ့ အစီအစဉ်တွေကို လွှတ်တော်အမတ်တွေက ၃ ရက်ကြာ စစ်ဆေး မေးမြန်းကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG