သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အကြာရှည်ဆုံး သက်တမ်း ၁၁၅ နှစ် သုတေသန တွေ့ရှိ


Michigan ပြည်နယ်က အသက် ၁၁၅ နှစ်အရွယ် အဖွားအို Jeralean Talley က မွေးနေ့ဓာတ်ပုံ အရိုက်ခံနေစဉ်။
Michigan ပြည်နယ်က အသက် ၁၁၅ နှစ်အရွယ် အဖွားအို Jeralean Talley က မွေးနေ့ဓာတ်ပုံ အရိုက်ခံနေစဉ်။

လူသားတွေအနေနဲ့ အသက်အရှည်ကြာဆုံး နေထိုင်နိုင်တဲ့အဆင့်ကို ရောက်ရှိခဲ့ပြီး ဖြစ်တယ်လို့ ယူဆရကြောင်း Journal of Nature - သဘာဝဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။ ၁၁၅ နှစ်ဟာ အသက် အရှည်ကြာဆုံး နေထိုင်မှုဖြစ်ကြောင်း သုတေသီတွေက ခန့်မှန်းထားပေမဲ့ အများစုကတော့ အဲဒီလောက်အထိ အသက်ရှည်အောင် မနေနိုင်ကြဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့အသက်အရှည်ဆုံး လူဟာ ၁၂၂ နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး ၁၉၉၇ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ခေတ်ပေါ် ဆေးပညာနဲ့ တိုးတက် ကောင်းမွန်တဲ့ လူထုကျန်းမာရေး စောင့်ရှောက်မှု စနစ်တွေကြောင့် အနောက်နိုင်ငံတွေမှာ နေထိုင်သူတွေရဲ့ ပျမ်းမျှသက်တမ်းဟာ အသက် ၈၀ အထိ ရှိလာနေပြီ ဖြစ်ပါတယ်။

အသက်ရှင် နေထိုင်မှုအတွက် အရည်အသွေး ပိုမိုကောင်းမွန်အောင် ရှေ့တိုး လုပ်ဆောင်လာနိုင်နေတာကြောင့် လူတွေရဲ့ သက်တမ်းဟာ လက်ရှိထက် ထပ်တိုးလာနိုင်စရာ ရှိတယ်လို့ နယူးယောက်ပြည်နယ်၊ နယူးယောက်မြို့က Albert Einstein ဆေးပညာကောလိပ်က သုတေသီတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြာရှည်ဆုံး ပျမ်းမျှ သက်တမ်းဟာ ၆၇ နှစ်ဖြစ်ပြီး အမျိုးသားတွေရဲ့ သက်တမ်းဟာ ၆၅ နှစ်နဲ့ အမျိုးသမီးတွေရဲ့ သက်တမ်းကတော့ ၆၉ နှစ် ဖြစ်ပါတယ်။

XS
SM
MD
LG