သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ်မှာ Usain Bolt မီတာ ၁၀၀ ရွှေတံဆိပ် ဆွတ်ခူး


Jamaica နိုင်ငံက နံမည်ကြီး အပြေးသမား Usain Bolt
Jamaica နိုင်ငံက နံမည်ကြီး အပြေးသမား Usain Bolt

ဘရာဇီးနိုင်ငံ၊ Rio de Janeiro မြို့မှာ ကျင်းပနေတဲ့ Rio ၂၀၁၆ နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲမှာ ဒေသစံတော်ချိန် တနင်္ဂနွေနေ့ညက ကမ္ဘာ့အမြန်ဆုံးလူသားအဖြစ် သရဖူချီးမြင့်မယ့် မီတာ ၁၀၀ အပြေးပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲကို ကျင်းပကြတာမှာ Jamaica နိုင်ငံက နံမည်ကြီး အပြေးသမား Usain Bolt ဟာ မကြုံစဖူး ထူးခြားစွာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ (၃) ကြိမ်မြောက်ဆက်တိုက် ရွှေတံဆိပ်ဆုကို ရရှိသွားပြီ ဖြစ်ပါတယ်။

မီတာ ၁၀၀ အတွက် စုစုပေါင်း ပြေးချိန်ဟာ ၁၀ စက္ကန့်လောက်သာ ကြာမှာ ဖြစ်တာကြောင့် အနိုင်အရှုံးကိုလည်း တစက္ကန့်ရဲ့ အပုံ ၁၀၀ မှာ ၁ ပုံလောက်နဲ့ အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Bolt ဟာ တံကောက်ကြောရောင်နေတာကြောင့် ပြီးခဲ့တဲ့လက ကျင်းပတဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း မရှိပေမယ့် ဒီ အိုလံပစ်ပွဲမှာ အနိုင်ရလိမ့်မယ်လို့ ကြိုတင် တစ်ပေးထားခဲ့ကြတာ ဖြစ်ပါတယ်။

Usein Bolt ရဲ့ အဓိကပြိုင်ဖက်ဖြစ်တဲ့ အမေရိကန် အပြေးချန်ပီယံ Justin Gatlin ကတော့ ငွေတံဆိပ်ဆုသာ ရရှိသွားပါတယ်။

တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ စုစုပေါင်း ရွှေတံဆိပ်ဆု ၂၂ ခုကို ချီးမြင့်သွားမှာ ဖြစ်ပါတယ်။

အခု အသံလွင့်ချိန်အထိ နောက်ဆုံး ရရှိထားတဲ့ ဆုတံဆိပ်စာရင်းအရ အမေရိကန်က ရွှေတံဆိပ် ၂၆ ခု၊ ငွေတံဆိပ် ၂၀ ခု၊ ကြေးတံဆိပ် ၂၀ ခု၊ စုစုပေါင်း ဆုတံဆိပ် ၆၆ ခုနဲ့ ထိပ်ကနေ ဦးဆောင်နေပါတယ်။ ဗြိတိန်နိုင်ငံကတော့ ရွှေ ၁၄ ခု၊ ငွေ ၁၆၊ ကြေး ၇ ခု၊ စုစုပေါင်း ဆုတံဆိပ် ၃၇ ခုနဲ့ ဒုတိယ လိုက်နေပါတယ်။ တရုတ်နိုင်ငံကတော့ ရွှေ ၁၄၊ ငွေ ၁၃၊ ကြေး ၁၇ ၊ စုစုပေါင်း ဆုတံဆိပ် ၄၄ ခုနဲ့ တတိယနေရာမှာ ရှိနေပါတယ်။နှစ်ပေါင်း ၁၁၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်း ယှဉ်ပြိုင်လာတဲ့ အမျိုးသား ဂေါက်သီးရိုက် ပြိုင်ပွဲမှာတော့ ဗြိတိန်နိုင်ငံက Justin Rose က ရွှေတံဆိပ်ဆု ဆွတ်ခူးသွားခဲ့ပါတယ်။

XS
SM
MD
LG