သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မုတ်သုန်မိုး သေသူ ၈၀၀ ကျော်ပြီ


ပါကစ္စတန်နိုင်ငံ Nowshera ဒေသက ပြည်သူတွေ ရေဘေးလွတ်ရာ ရှောင်ရှားဖို့ ကြိုးစားနေကြပုံ (ဇူလိုင် ၃၀၊ ၂၀၁၀)
ပါကစ္စတန်နိုင်ငံ Nowshera ဒေသက ပြည်သူတွေ ရေဘေးလွတ်ရာ ရှောင်ရှားဖို့ ကြိုးစားနေကြပုံ (ဇူလိုင် ၃၀၊ ၂၀၁၀)

ပါကစ္စတန်နိုင်ငံမှာ မုတ်သုံမိုးတွေ ပြင်းပြင်းထန်ထန် ရွာသွန်းလို့ ရေလွှမ်းမိုးပြီး သေဆုံးရသူ အရေအတွက် ၈၀၀ ကျော် သွားပြီလို့ အရာရှိတွေက ပြောပြီး ရေနဲ့ ပိတ်မိနေသူတွေဆီ ရောက်ရှိဖို့ ကယ်ဆယ်ရေး လုပ်သားတွေ အပြင်းအထန် ကြိုးစားနေကြရပါတယ်။

မိုးတွေက လေးရက်ကြာတောင် သည်းကြီးမည်းကြီး ရွာသွန်းခဲ့လို့ ပါကစ္စတန် အနောက်မြောက်ပိုင်း ရေလွှမ်းခံခဲ့ရပြီး အာဖဂန်နစ်တန်နိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်းတွေမှာ လူ ၄၆ ဦး သေဆုံးသွားခဲ့ပါတယ်။

ကူနာနဲ့ နန်ဂဟာ ပြည်နယ်တွေ အပါအဝင် အထိခိုက်ဆုံး ဒေသတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ အကူအညီတွေ ဖြန့်ဝေပေးရေးတို့အတွက် ရဟတ်ယာဉ်တွေကို အသုံးပြုနေတယ်လို့ အာဖဂန် နဲ့ NATO မြောက်အတ္တလန္တိတ် စစ်စာချုပ်အဖွဲ့က ပြောပါတယ်။

ပါကစ္စတန်မှာ အိမ်တွေ လမ်းတွေနဲ့ လယ်ယာမြေ ထောင်ပေါင်းများစွာ ပျက်ဆီးပြီး လူပေါင်း ၁ သန်းလောက် ရေဘေးဒုက္ခနဲ့ ကြုံနေကြရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ ခိုင်ဘာ - ပါတ်တွန်ခွါ ပြည်နယ်မှာ တံတား ၄၅ စင်း ပျက်စီးပြီး တရုတ်နိုင်ငံနဲ့ ဆက်ထားတဲ့ အဓိက လမ်းမကြီး ရေအောက် ရောက်နေပါတယ်။ ရေပတ်လည် ဝိုင်းခံနေရတဲ့အိမ်တွေရဲ့ ခေါင်မိုးပေါ်မှာ ကလေး လူကြီး ကျား မ မျိုးစုံ ရေလမ်း လေလမ်းနဲ့ ကယ်ဆယ်မယ့်သူကို မျှော်နေကြတာကို ရုပ်မြင်သံကြားသတင်းမှာ တွေ့ရပါတယ်။

XS
SM
MD
LG