သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန် ရေလွှမ်းမိုးမှု လူ ၁,၀၀၀ ကျော် သေဆုံး


လူ ၁,၀၀၀ ကျော် သေဆုံးသွားခဲ့တဲ့ ရေလွှမ်းမိုးမှုအပေါ် အစိုးရ ကိုင်တွယ်ခဲ့ပုံနဲ့ ပတ်သက်ပြီး ပါကစ္စတန် အနောက်မြောက် ဒေသမှာ နေထိုင်နေကြသူတွေက ဘဝင်မကျနိုင် ဖြစ်နေကြပါတယ်။

မုတ်သုန်မိုး ရက်ပေါင်းများစွာ ရွာသွန်းခဲ့ပြီးတဲ့နောက် ရေလွှမ်းမိုးတဲ့ အထဲမှာ သောင်တင်နေကြတဲ့ ထောင်ချီနေတဲ့ ရွာသူရွာသားတွေဆီကို ရောက်ရှိနိုင်အောင် ကြိုးစားနေရပါတယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေက အသိအမှတ်ပြု ပြောကြားပါတယ်။

ခိုင်ဘာ ပတ်တွန်ခွါ ပြည်နယ် (Khyber-Pakhtunkhwa) ဟာ အထိနာဆုံး ပြည်နယ် ဖြစ်ပါတယ်။

ကောင်းကင်ကနေ စောင့်ကြည့်ခဲ့တာတွေအရ ဆိုရင် အပျက်အစီးတွေက များပြားပြီး အတိုင်းအဆကလည်း ကြီးမားလှတယ်လို့ ပြည်နယ် သဘာ၀ ဘေးအန္တရာယ် စီမံခန့်ခွဲမှု တာဝန်ရှိသူ တယောက်က ပြောပါတယ်။

ဝမ်းပျက်ဝမ်းလျှောနဲ့ ဝမ်းရောဂါလို ရေကနေ ကူးစက်ပြန့်ပွားတဲ့ ရောဂါတွေ အသက်ရှင် ကျန်ရစ်သူတွေ ကြားမှာ ကူးစက်ပြန့်ပွားမှာကို စိုးရိမ်နေကြတဲ့ အကြောင်းကိုလည်း တာဝန်ရှိသူတွေက ပြောကြပါတယ်။

ဒီ သဘာဝဘေးကို ပါကစ္စတန် ၁,၀၀၀,၀၀၀ လောက် ခံခဲ့ကြရတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

ဒီအချိန်မှာပဲ အာဖဂန်နစ္စတန်မှာလည်း ရေလွှမ်းမိုးတာကြောင့် လူ ၆၀ ကျော် သေဆုံးခဲ့ကြပါတယ်။ ကူနာနဲ့ နန်ဂါဟာ ပြည်နယ်တွေ အပါအဝင် ရေလွှမ်းမိုးတဲ့ အဆိုးဆုံး နေရာတွေကို အကူအညီ ပစ္စည်းတွေ ဖြန့်ဖြူးဖို့နဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ရဟတ်ယာဉ်တွေကို အသုံးပြုနေကြတယ်လို့ အာဖဂန်နဲ့ နေတိုးတပ်တွေက ပြောပါတယ်။

XS
SM
MD
LG