သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင် အမေရိကန်သံရုံးရှေ့ ဆန္ဒပြသူတွေကို ရဲကား ဝင်တိုက်


ဖိလစ်ပိုင် အမေရိကန်သံရုံးရှေ့ဆန္ဒပြသူတွေကို ရဲကား ဝင်တိုက်
ဖိလစ်ပိုင် အမေရိကန်သံရုံးရှေ့ဆန္ဒပြသူတွေကို ရဲကား ဝင်တိုက်

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာက အမေရိကန်သံရုံး အပြင်ဘက်မှာ အမေရိကန်ဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ လူအုပ်ထဲကို ရဲကားတစီးက မောင်းဝင်တိုက်ခဲ့တာကြောင့် လူအချို့ ဒဏ်ရာရသွားပါတယ်။

အမေရိကန်စစ်တပ် ဖိလစ်ပိုင်နိုင်ငံမှာ ဆက်ရှိနေတာကို အဆုံးသတ်ဖို့ အမေရိကန်သံရုံးရှေ့မှာ ဒီကနေ့ လူ ၁ ထောင် လောက် ဆန္ဒပြခဲ့ကြတာပါ။ ရဲတွေက မျက်ရည်ယိုဗုံးတွေ ၊ မီးသတ်ပိုက်တွေ အသုံးပြုပြီး ဒီလူစု ဖြိုခွဲခဲ့ပါတယ်။ ရုပ်မြင်သံကြားက ပြသတဲ့ ပုံရိပ်ထဲမှာတော့ ရဲကားမောင်းသူဟာ ဆန္ဒပြသူတွေကို ကားနဲ့အကြိမ်ကြိမ်တိုက်ဖို့ မလုပ်ခင်မှာ ဆန္ဒပြသူတွေက ရဲကားကို ဒုတ်တွေနဲ့ ဝိုင်းရိုက်နေတာကို တွေ့ရပါတယ်။ ရဲကားနဲ့ အခုလို လူအုပ်ထဲ မောင်းဝင်တိုက်ခဲ့တာကြောင့် ဆန္ဒပြသူ ၃ ဦးထက်မနည်း ဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ ဆန္ဒပြအဖွဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ Renato Reyes က ပြောပါတယ်။ ရဲလုံခြုံရေးတွေကို ဆေးနီတွေနဲ့ ပက်ခဲ့တဲ့ ဆန္ဒပြသူ ဒါဇင်နဲ့ချီကိုလည်း အဲဒီနေရာမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

အခုရက်ပိုင်းတွေအတွင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဟာ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေ အဆုံးသတ်ဖို့ပါဝင်တဲ့ နိုင်ငံခြားရေးမူဝါဒ အလှည့်အပြောင်းတရပ် ပြုလုပ်ဖို့ ပြောဆိုနေသလို အမေရိကန်သမ္မတ Barack Obama ကိုလည်း မိန်းမပျက် သား အဖြစ် ရည်ညွှန်းခေါ်ဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG