သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးနှိမ်နင်းရေး တရုတ်အကူ ဖိလစ်ပိုင်တောင်းခံ


တရုတ်နိုင်ငံအနေနဲ့ ဖိလစ်ပိုင်ဆီ မူးယစ်ဆေးဝါး တင်ပို့နေတဲ့ ဂိုဏ်းတွေကို နှိမ်နင်းဖို့နဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး အစီအစဉ်တွေကို အကူအညီပေးဖို့ - မနီလာမြို့မြောက်ဘက် Pampanga အရပ်မှာရှိတဲ့ မူးယစ်ဆေးဝါးစက်ရုံဟောင်းတခုမှာ အင်္ဂါနေ့က ပြောကြား ခဲ့တဲ့ မိန့်ခွန်းအတွင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ပြောဆိုခဲ့ပါတယ်။

လူအသေအပျောက်တွေရှိခဲ့တဲ့ မူးယစ်ဆေးဝါး စီမံချက်တွေအတွင်း ဖမ်းဆီးရမိထားတဲ့ထဲမှာ အကြီးဆုံးဖြစ်ပြီး - တနေ့ကို စိတ်ကြွဆေး ကီလိုဂရမ် ၅၀ ကနေ ၁၀၀ အထိ ထုတ်လုပ်နိုင်တဲ့ Pampanga အရပ်က တောင်ခြေမှာရှိတဲ့ မူးယစ်ဆေးဝါးစက်ရုံဟောင်းကို သမ္မတ ဒူတာတေး သွားရောက် ကြည့်ရှုစစ်ဆေးခဲ့တာပါ။

ရဲတပ်ဖွဲ့ကတော့ စွန့်ပစ်ထားတဲ့ Shabu စက်ရုံဟောင်းကို ပြီးခဲ့တဲ့ အင်္ဂါနေ့ စက်တင်ဘာလ ၂၂ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့ပြီး - ဒီစက်ရုံကို "Mr. Chua" ဆိုသူ တရုတ်နိုင်ငံသားတဦးက ပိုင်ဆိုင်တယ်လို့လည်း ဆိုပါတယ်။

ဒါဟာ သူ့ကို စိန်ခေါ်လိုက်တဲ့ လုပ်ရပ်ဖြစ်ပြီး - ဒီကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက အာရုံစိုက်အောင် ကြိုးပမ်းသွားမှာဖြစ်သလို၊ ဗီယက်နမ်ကို သွားရောက်ပြီး တရုတ်နိုင်ငံအထိလည်း ခရီးဆက်ကောင်း ဆက်မှာဖြစ်တယ်လို့ သမ္မတ ဒူတာတေးက ပြောဆိုခဲ့ပါတယ်။ မူးယစ်ဆေးဝါး ထုတ်လုပ်တဲ့ ပစ္စည်းတွေအားလုံးက တရုတ်နိုင်ငံကနေ ဝင်ရောက်လာတာ ဖြစ်တယ်ဆိုတာကို တွေ့ရတဲ့အတွက် မိတ်ဆွေကောင်းပီသတယ်ဆိုရင် ဒီလိုရာဇဝတ်မှုတွေကို ကူညီတားဆီးဖို့ လိုအပ်တယ်လို့လည်း စကားလုံးကြမ်းကြမ်းတမ်းတမ်းတွေ သုံးပြီး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့သမ္မတသက်တမ်း ၆ လအတွင်း မူးယစ်ဆေးဝါး ပပျောက်အောင် ဆောင်ရွက်ဖို့ ကတိပြုထားတဲ့ သမ္မတ ဒူတာတေးကတော့ - ဖိလစ်ပိုင်နိုင်ငံနဲ့ ကာလကြာရှည် မဟာမိတ်ဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ ဆန့်ကျင်ဘက်တွေဖြစ်ကြတဲ့ တရုတ်နဲ့ ရုရှားတို့ဆီက မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် အကူအညီတောင်းခံမယ်လို့ ပြောဆိုခဲ့ပါတယ်။ တနင်္လာနေ့က သမ္မတဒူတာတေး ပြောကြားခဲ့တဲ့ မိန့်ခွန်းတခုမှာလည်း အမေရိကန်နဲ့ ဆက်ဆံရေး အပြောင်းအလဲဖြစ်မယ့် အခြေအနေမှာ ရှိနေပြီး၊ ဖိလစ်ပိုင်အနေနဲ့ ကုန်သွယ်ရေးနဲ့ မဟာမိတ်ဆက်ဆံရေးတွေကို တရုတ်၊ ရုရှားနိုင်ငံတွေနဲ့ ပြောင်းလဲ ဆက်ဆံသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG