သုံးရလွယ်ကူစေသည့် Link များ

ကန်နဲ့ စစ်ရေးဖြတ်တောက်မှု ဖိလစ်ပိုင် အကြောင်းမကြားသေး


အမေရိကန်နဲ့ ဖိလစ်ပိုင် ၂ နိုင်ငံကြား စစ်ရေးဆက်ဆံမှု ဖြတ်တောက်ဖို့ ခြိမ်းခြောက်မှုတွေကို ဖိလစ်ပိုင်အစိုးရက အမေရိကန်အစိုးရနဲ့ တရားဝင် ဆက်သွယ် ပြောကြားတာမျိုး မရှိသေးဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

ရက်အတော်ကြာလာချိန်မှာ ဒုတိယအကြိမ်အဖြစ် အမေရိကန်ပြည်ထောင်စုနဲ့ စစ်ရေးဆက်ဆံမှုတွေ ဖြတ်တောက်မယ်လို့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ရဲ့ ခြိမ်းခြောက်ပြောဆိုမှု ထွက်လာတဲ့နေ့မှာပဲ သမ္မတအိမ်ဖြူတော်က အခုလို တုန့်ပြန်တဲ့ ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒေသတွင်း အမေရိကန်ပြည်ထောင်စုရဲ့ မဟာမိတ်ဖြစ်တဲ့ ဂျပန်နိုင်ငံကို ၃ ရက်ကြာ တရားဝင်ခရီး သွားရောက်နေတဲ့ သမ္မတ Duterte က သူ့ရဲ့ ခရီးစဉ် ဒုတိယမြောက်နေ့မှာ တိုကျိုမြို့က စီးပွါးရေးဆွေးနွေးပွဲ တခု အတွင်း အခုလို ပြောကြားခဲ့တာပါ။ တကယ်လို့ သဘောတူညီချက်တွေကို ပြန်ပြောင်းဖို့ သူလုပ်ရမယ် ဆိုရင်တောင်မှ ဖိလစ်ပိုင်နိုင်ငံမှာ လာမယ့် ၂ နှစ်အတွင်း နိုင်ငံခြားစစ်တပ်တွေ မရှိတဲ့ အနေထားမျိုး သူက ဖြစ်စေချင်တယ်လို့ ပြောခဲ့တာပါ။

ဖိလစ်ပိုင်နိုင်ငံပေါက် အစ္စလာမ်လက်နက်ကိုင်တွေကို ချေမှုန်းတဲ့ အကြမ်းဖက်တိုက်ဖျက်ရေး လုပ်ငန်းမှာ အကူအညီပေးဖို့အတွက် Mindanao ကျွန်းတောင်ပိုင်းမှာ အမေရိကန်တပ်သား အနည်းငယ်လောက်ကို ချထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG