သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင်၊ မောင်တော ဥပဒေမဲ့ အဆောက်အဦး ဖျက်သိမ်းရေး အဆင့်ဆင့် စိစစ်မည်


ရခိုင်ပြည်နယ် မောင်တောမြို့ ဈေးတခု
ရခိုင်ပြည်နယ် မောင်တောမြို့ ဈေးတခု

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်တွေမှာ ဗလီကျောင်းတွေ အပါအ ဝင် လူနေအိမ်၊ ဈေးဆိုင်နဲ့ အခြားအဆောက်အဦး စုစုပေါင်း ၃,၀၀၀ ကျော်ကို တရား ဝင်မဝင် ဥဒေနဲ့အညီစစ်ဆေးဖို့ စိစစ်ရေးကော်မတီကို ဖွဲ့စည်းပြီး စတင်စစ်ဆေး သွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေ က ပြောကြားလိုက် ပါတယ်။

တရားမဝင်အဆောက်အဦးတွေကို ဖျက်သိမ်းမယ်ဆိုတဲ့ သတင်းတွေေ ကြာင့် ဒေသ ခံတွေ စိုးရိမ်မကင်းဖြစ်နေ ချိန်မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကနေ ဒီကိစ္စနဲ့ပတ် သက် လို့ ပြည်နယ်အစိုးရရုံးမှာ မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

မအင်ကြင်းနိုင်က အပြည့်အစုံကိုတင်ဆက်မှာပါ။

လောလောဆယ်မှာ ဒီအဆောက်အဦးတွေကို တရားမဝင်မှုနဲ့ ဖျက်သိမ်းဖို့ဆိုတဲ့ ကိစ္စ အကောင်အထည် ဖေါ်ဖို့ မရှိသေးပဲ ပထမအဆင့်အနေနဲ့ သက်ဆိုင်ရာလုပ်ထုံး လုပ်နည်း ဥပဒေနဲ့အညီ စတင် စိစစ်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် နယ်စပ်ရေး ရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထင်လင်းက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောသွား ပါတယ်။

“နေရာအလိုက်၊ အဆောက်အဦး အမျိုးအစားအလိုက် စနစ်တကျစိစစ်ဖို့ ကျနော်တို့ က စီစဉ်ထားပါတယ်။ နေရာလိုက်ဆိုတာ ဦးစားပေး အဆင့် လိုက်ပေါ့။ တောင် ကုန်းတွေရှိတဲ့နေရာတွေ၊ လယ်မြေတွေရှိတဲ့နေရာတွေ၊ စား ကျက်မြေရှိ တဲ့နေ ရာတွေ ပြီးမှတဆင့်ပြီးတဆင့် ရွာထဲမှာရှိတဲ့အခြေအနေတွေ၊ ရပ်ကွက် မှာရှိတဲ့ အခြေအနေတွေ ဒီလိုဦးစားပေးအဆင့်လိုက် ကျနော်တို့ စိစစ်ဆောင်ရွက်ဖို့ စီမံထားပါတယ်။”

ဒီအဆင့်တွေဆောင်ရွက်ဖို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်လိုက် စိစစ်ရေးကော် မတီတွေဖွဲ့စည်းထားပြီး ဘူးသီးတောင်၊ မောင်တောခရိုင်တွေမှာရှိတဲ့ တရားမဝင် အဆောက်အဦးတွေကို စိစစ်ပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ် အ တည်ပြုချက်နဲ့ ဆောင်ရွက်မှာဖြစ်တယ်လို့ ဗိုလ်မှူးကြီး ထင်လင်းကပြောပါတယ်။

ဒါပေမဲ့ ရခိုင်ပြည်နယ်အစိုးရအနေနဲ့ တရားမဝင်အဆောက်အဦးတွေကို ဖျက်သိမ်း မယ်ဆိုတဲ့ အစီအစဉ်ကို အကောင် အထည်ဖေါ်မယ် ဆိုရင် ပြည်ထောင်စု အစိုးရရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုက်နာဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ဒေသခံ အစ္စလာမ် ဘာသာဝင်တဦး က ဗွီအိုအေကို ပြောပါတယ်။

“အဲဒီ ကျူးကျော်ဆောက်တယ်ဆိုတဲ့နေရာမှာ ဒီလူတွေက သူတို့ရပ်ကွက်သစ် မှာ ထောက်ခံတဲ့ရပ်ကွက်မှာ ဒီနေရာမှာ သူတို့ သွားဆောက်တာပဲ ဖြစ်လိမ့်မယ်။ အဲဒီလိုဆောက်တဲ့အချိန်မှာ အနည်း ဆုံးတော့ သူတို့ကျေးရွာအုပ်စုရဲ့ အာဏာပိုင် အဖွဲ့အစည်း က ထောက်ခံမှုရှိကောင်းရှိနိုင်မှာ။ တကယ်လို့ ကျေးရွာအုပ်စုအဆင့် အာဏာပိုင်အဖွဲ့အစည်းရဲ့ ခွင့်ပြုချက်မရှိဘူး ဆိုရင် ဒါကတရားမဝင်ပေါ့။ ဒီဟာနဲ့ပတ်သက်လို့ ရန်ကုန်မှာလည်း ကျနော်ကြား သလောက်ပေါ့နော်။ အဖွဲ့အစည်းတွေက သူတို့ဘာသူတို့ သာသနာရေး ဝန်ကြီး ဌာနကိုလည်း တင်ထားတယ်ဆိုပြီးတော့ အဲလိုပဲကြားတယ်။ ဒီလို ဆို ရင်ပြည် နယ်အစိုးရလုပ်တာကို သာသနာရေးဝန်ကြီးဌာနက ဘာပြော လဲ။ နောက်ဆုံး အဆင့်ကတော့ သမ္မတ၊ ပြည်ထောင်စုအစိုးရအနေနဲ့ ဆုံးဖြတ် ချက်ချမှ ပြည်နယ် အစိုးရက လုပ်လို့ရမှာပေါ့။ ကျနော်အဲဒီလိုပဲထင်တယ်။”

ရခိုင်ပြည်နယ်အစိုးရက ထုတ်ပြန်ထားတဲ့ လက်ရှိ တရားမဝင်အဆောက်အဦးစာရင်း အရ ဗလီ (၁၂)လုံး၊ အာရေဗီကျောင်း (၃၅)ကျောင်း၊ လူနေအိမ် (၂၅၀၀)ကျော်၊ ဈေးဆိုင်ပေါင်း (၆၀၀)ကျော်၊ အခြားအဆောက်အဦး (၁၇၀)ကျော် စုစုပေါင်း ၃၃၀၀ ကျော်ရှိနေပါတယ်။ ဒီအဆောက်အဦးတွေ တရားဝင်မှုရှိမရှိ စိစစ်တဲ့ကာလ ဘယ်လောက်ကြာမလဲဆိုတာ အတိအကျ မပြောနိုင်သေးကြောင်း ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက သတင်းစာ ရှင်းလင်းပွဲ မှာ ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG