သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ ပြည့်နှစ်၊ ရေမွန် မက်ဆေးဆေး ဆုရသူစာရင်း ကြေညာ


၂၀၁၀ ပြည့်နှစ်၊ ရေမွန် မက်ဆေးဆေး ဆုရသူစာရင်း ကြေညာ
၂၀၁၀ ပြည့်နှစ်၊ ရေမွန် မက်ဆေးဆေး ဆုရသူစာရင်း ကြေညာ

အာရှတိုက်ရဲ့ နိုဘဲလ်ဆုလို့ တင်စားပြောဆိုကြတဲ့ ရေမွန် မက်ဆေးဆေး ဆုရသူတွေထဲ တရုတ်နိုင်ငံက ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ သုံးဦးနဲ့ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တော် ဝန်တို့ ပါဝင်ခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံသား၊ ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို ဦးစီးလုပ်ဆောင်နေသူနှစ်ဦး၊ မသန် မစွမ်းသူတွေအတွက် အလုပ်လုပ်ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တဦးတို့ကိုလည်း ဒီကနေ့ ဆုရရှိသူတွေအဖြစ် ထည့်သွင်းခဲ့တာပါ။

တရုတ်နိုင်ငံက စက်မှုလက်မှုလုပ်ငန်းတွေကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဖြစ်ရတဲ့ကိစ္စတွေ ကို မှတ်တမ်းတင်ခဲ့သူတဦးနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်တဲ့ အစိုးရတာဝန်ရှိသူ နှစ်ဦးတို့ကို ဆုချီးမြှင့်ခဲ့တာဖြစ်သလို နျူကလီးယားလက်နက်တွေကို လုံး၀ တားမြစ်ဖို့ ဘ၀ တလျှောက်လုံး ကြိုးပမ်းခဲ့သူ ဟီရိုးရှီးမားမြို့တော်ဝန် Tadatoshi Akiba တို့ကို ရေမွန် မက်ဆေးဆေးဆု ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG